Tuesday, September 4, 2018

ဖျာပုံခရိုင် အားကစားကော်မတီဖလား အသက် ၂၅ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်

Image may contain: 4 people, people standing
ဖျာပုံ စက်တင်ဘာ ၃
နိုင်ငံတော်အတွက် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်လျက် ဖျာပုံခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ် (ဖျာပုံ)နှင့် ပဲ့တင်သံ ပရဟိတဘောလုံးအသင်းတို့ ပူးပေါင်းကာ အသက်(၂၅)နှစ် အောက် ခရိုင်အားကစားကော်မတီ ဖလား အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက်က ဖျာပုံမြို့ မြောက်ပိုင်းရပ်ရှိ မြို့နယ်အားကစား ခန်းမ၌ ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘို မင်းဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ဖျာပုံမြို့နယ် အုပ်ချုပ် ရေးမှူး ဦးသိန်းစိုး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရီရီမြင့်တို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ပြိုင်ပွဲများကို စက်တင်ဘာ ၂ ရက် တွင် စတင်၍ နေ့စဉ်တစ်လကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၁၉ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲမှ ရရှိသော အကျိုးအမြတ် အားလုံးကို ဖျာပုံမြို့ရှိ ပဲ့တင်သံ ပရဟိတ ဘောလုံးအသင်းနှင့် ပူးပေါင်း၍ မြို့နယ်အားကစားခန်းမ အတွက် လိုအပ်သည်များပြင်ဆင် လှူဒါန်းပေးခြင်း၊ ပညာရေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ခြင်း၊ စာသင် ကျောင်းများအတွက် အားကစား ပစ္စည်းများ ဝယ်ယူထောက်ပံ့ပေးခြင်း၊ အားကစားသင်တန်းများ အခမဲ့ ဖွင့် လှစ်ပေးခြင်းစသော ပရဟိတလုပ်ငန်း များအတွက် အသုံးပြုသွားမည် ဖြစ် ကြောင်း သိရသည်။
သူဇာနွယ်(ဖျာပုံ)

No comments:

Post a Comment