Tuesday, September 4, 2018

မြန်မာ့ပင်လယ်ပြင်တွင် သောင်တင်နေသည့် ကုန်တင်သင်္ဘောကြီးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်

Image may contain: ocean, sky, outdoor and water
ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာ အပြင်ဘက် ရေမိုင် ခုနစ်မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်တွင် သောင်တင် နေသည့် Sam Ratulangi ကုန်တင်သင်္ဘောကြီးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုOcean Solution Maritime Management Sdn Bhdပိုင်ဆိုင်သည့် ဆွဲသင်္ဘောIndependence ကုမ္ပဏီဘက်မှ ယနေ့ ည ၇ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ၌ ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲတွင် Ocean Solution Maritime Management Sdn Bhd ကုမ္ပဏီ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် ဒေါ်မေသန့်ဇင်က ''အခြေအနေအကြောင်းကြောင်းကြောင့် သင်္ဘောပေါ်မှာရှိတဲ့ ကပ္ပတိန်က သက်ဆိုင်ရာတာဝန်ရှိသူတွေကို သတင်းမပို့နိုင်ခဲ့ဘူး၊ ဒီသင်္ဘောကြီး ကို မြန်မာရေပိုင်နက်ထဲမှာ စွန့်ပစ်ဖို့လာတာ လည်းမဟုတ်ပါဘူး၊ ဆွဲလို့ရတာနဲ့ ပြန်ထွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိတာကြောင့် သူလည်းသတင်းမပို့နိုင် ခဲ့ဘူး၊ ဒါကျွန်မတို့ ကုမ္ပဏီရဲ့အမှားပါ။ သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ကိုလည်းတောင်းပန်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ ဖြစ်သွားတာမဟုတ်ပါ ဘူး၊ မမျှော်လင့်ဘဲ ဖြစ်ခဲ့တာပါ။ ဒါကိုသက်ဆိုင်ရာလူကြီးတွေကို ရှင်းပြထား ပါတယ်'' ဟု ပြောသည်။
အဆိုပါ Sam Ratulangi ကုန်တင်သင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံတွင် မှတ်ပုံတင်ထားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် သွားရောက်ဖျက်ဆီးမည့် သင်္ဘော ဖြစ်ကြောင်း ယင်းသင်္ဘောသည် သြဂုတ်လ ၂၅ ရက်က မုတ္တမ ပင်လယ်ကွေ့ တွင် ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆွဲသင်္ဘောIndependence နှင့် ချိတ်ဆက်ထားသည့် ကြိုးပျက်ကာ မြန်မာနိုင်ငံဘက်သို့ မျောပါသွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာ အပြင်ဘက် ရေမိုင် ခုနစ်မိုင် ခန့်အကွာ စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင် တွင် သောင်တင်နေခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
''သောင်တင်တဲ့သင်္ဘောကို သတင်းမပို့ကြဘူးလားမေးကြတယ်၊ ရာသီဥတု အရမ်းဆိုးပြီး သောင်တင်တော့မှ အာမခံကုမ္ပဏီကို ကပ္ပတိန်ကလှမ်းပြောတယ်၊ သင်္ဘောဆက်ဆွဲလို့ မရတော့ဘူးလို့ပြောတယ်၊ မြန်မာနိုင်ငံက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပေးဖို့ လှမ်းပြောတယ်၊ စင်ကာပူအခြေစိုက်First Capital ကုမ္ပဏီက ဘာကြောင့်လှမ်းအကြောင်း မကြားတာလဲဆိုတာ ကုမ္ပဏီဘက်က ရှင်းပါလိမ့်မယ်'' ဟု ဒေါ်မေသန့်ဇင်က ပြောသည်။
Ocean Solution Maritime Management Sdn Bhd ကုမ္ပဏီ ပိုင်ဆိုင်သည့် ဆွဲသင်္ဘောIndependence တွင် တာဝန်ထမ်းဆောင်နေ သည့် ကပ္ပတိန်အပါအဝင်သင်္ဘောသား ၁၃ ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မင်းသစ် (MNA)

No comments:

Post a Comment