Tuesday, September 4, 2018

လယ်ကိုင်းမြို့ဟောင်း ဘားဝပ်ကျောင်း၏ပြာသာဒ်ဆောင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ




Image may contain: sky, cloud and outdoor
ထင်သာမြင်သာ ပြုပြင်စရာ



မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်း၌ ရုပ်စုံကျောင်းများ နှင့်အသွင်သ္ဌာန်ဆင်တူသည့် စေတဝန် ကျောင်းအမျိုးအစား ဘားဝပ်ဘုန်း ကြီးကျောင်းတည်ရှိပြီး ကျောင်းတော် ကြီး၏ ပြာသာဒ်ဆောင်တိုင်များ၊ ကြမ်း ခင်းနှင့် ပြာသာဒ်များမှာ ယိုင်နဲ့ပျက်စီးမှု များ ဖြစ်ပေါ်နေသည့်အတွက် ပြုပြင်မှု များ ဆောင်ရွက်ရန်လိုအပ်လျက်ရှိ ကြောင်း ဒေသခံများထံမှ သိရသည်။
''၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ယဉ်ကျေးမှု ဦးစီးဌာနက ကျောင်းကြီးရဲ့အဆောင် တွေက ယိုင်နေတဲ့တိုင်တွေကို ပြန်မတ် ပေးထားပါတယ်။ လက်ရှိအခြေအနေ ကတော့ ကြမ်းခင်းတွေ သိပ်မကောင်းဘူး။ ပြာသာဒ်ဆောင် လုံးဝမပြင်ရသေးဘူး။ တိုင်အလုံးကြီး ၃ဝ လောက် ယိုင်နေတာ ကို ပြန်မတ်ဖို့လိုနေပါတယ်။ အရန်တိုင် အလုံး ၂ဝ လောက်ကိုလည်း ပြန် မတ်ရမယ်။ အပေါ်ကပြာသာဒ်ကလည်း ပြတ်ကျတော့မယ့် အနေအထားဖြစ်နေ ပါတယ်'' ဟု ဒေသခံ ဦးဝင်းမြင့်က ပြောသည်။
မြန်မာသက္ကရာဇ် ၁၂၅ဝ ပြည့်နှစ် တွင် လယ်ကိုင်းမြို့အုပ်ကြီး ဦးအံထော်နီ နှင့် ဇနီး ဒေါ်အံထော်နီတို့က ဒင်္ဂါးဆယ် တင်း အကုန်အကျခံ ဆောက်လုပ်လှူဒါန်း ခဲ့သည့် ဘားဝပ်ကျောင်းမှာ ကျောင်းတိုင် ပေါင်း ၁၆၅ တိုင်၊ ကျောင်းခန်းပေါင်း ၁၆၅ ခန်း၊ အရှေ့အနောက် အလျား ၁၂၈ ပေ၊ တောင်မြောက်အနံ ၆၇ ပေ၊ အမြင့် ၁၁၄ ဒသမ ၉ ပေ ( မြေပြင်မှ အဆောင်မအထိ အမြင့် ၃၉ ဒသမ ၉ ပေ၊ ပြာသာဒ် အမြင့် ၇၅ ပေ )၊ လှေကား ထစ် ၁၂ ထစ်ပါ လှေကား ခြောက်စင်း (တောင်ဘက်အရပ်၌ လှေသုံးစင်း၊ မြောက်ဘက်အရပ်၌ လှေကားသုံးစင်း) ဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
''မြောက်ဘက်ကကြည့်ရင် ပိုဆိုး တယ်။ သွပ်အမိုးတွေက လုံးလုံးလန်ကုန် လို့လေ။ လုံးလုံးပျက်စီးသွားရင်တော့ ယဉ်ကျေးမှုအမွေအနှစ်က အလကားဖြစ် သွားမယ်''ဟု ဒေသခံ ကိုဝင်းလှိုင်က ပြောသည်။
ဇေယျတု(မကွေး)

No comments:

Post a Comment