Friday, September 7, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူအီတလီသံအမတ်ကြီးအား တွေ့ဆုံ

Image may contain: one or more people, people sitting, living room, table and indoor
နေပြည်တော် စက်တင်ဘာ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လယ်ယာသားငါးကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရေး၊ နှစ်နိုင်ငံတက္ကသိုလ်များအကြား သင်ကြားမှုသင်ယူမှု ဆိုင်ရာများတွင် နည်းပညာဖလှယ်ဆောင်ရွက်ရေး၊ မြန်မာ နိုင်ငံ၏သဘာဝဘေးသင့်ဒေသများအတွက် မွေးမြူရေး ဆိုင်ရာ တိရစ္ဆာန်အစားအစာများဖူလုံစေရေး၊ စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာများတွင် ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေး ထွက်ကုန်များနှင့် သားငါးကဏ္ဍထုတ်ကုန်များ၏ ထုတ်လုပ်မှုအရည်အသွေးတိုးတက်ရေးနှင့် ယင်းထုတ်ကုန်များ အား နိုင်ငံတကာ စံချိန်စံညွှန်းမီ ထောက်ခံချက်လက်မှတ် များ ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment