
မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေဝန်း ဆရာတော် အသျှင် ဦးဥတ္တမ၏ (၇၉)နှစ်မြောက် အသျှင် ဦးဥတ္တမနေ့ ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာ ၉ ရက်တွင် ရွှေတိဂုံ တောင်ဘက်မုခ်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ လာရောက် ဂုဏ်ပြုစေချင်ကြောင်း ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ယမန် နေ့ မွန်းလွဲပိုင်းက ရွှေတိဂုံအရှေ့ ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသော အသျှင်ဦးဥတ္တမနေ့ အခမ်းအနားနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။
''အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော်ကြီး တစ်ပါး မထင်မရှား ပျံလွန်တော်မူသွားတယ်။ အဲဒီဆရာတော်ကြီး ပျံလွန်တော် မူသွားတာ ၇၉ နှစ်ရှိပြီ။ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီးတော့ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့နေ့မှာ ဂုဏ်ပြုတဲ့ အနေနဲ့ လုပ်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီ နေ့မှာလည်း တိုင်းရင်းသားလူမျိုး ပေါင်းစုံ လာရောက်စေချင်ပါတယ်''ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောသည်။
အဆိုပါပွဲနှင့်ပတ်သက်၍ အစီ အစဉ်များအနေဖြင့် ဆရာတော်ကြီး အား ရည်စူး၍ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သံဃာတော်များကို ပင့်ဖိတ်ကာ ဓညဝတီကျောင်းတိုက်၌ ဆွမ်းကပ်ခြင်း၊ သင်္ကန်းကပ်ခြင်းနှင့် အမျှပေးဝေခြင်း ကုသိုလ်ကောင်းမှု များ ပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် အသျှင်ဦးဥတ္တမနေ့ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ရခိုင် စည်တော်များရွမ်းပြီး အခမ်းအနား အတွင်းသို့ ဝင်ရောက်ခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေ ဖြင့် ပန်းခြင်းများချခြင်း၊ ဆရာတော်၏ ထေရုပ္ပတ္တိအား လူပုဂ္ဂိုလ်သုံးဦးက ဟောပြောခြင်းနှင့် ဆရာတော် အကြောင်းအား ကဗျာရွတ်ဆို ဂုဏ်ပြုခြင်းစသည့် အစီအစဉ်များ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးမင်းသူ၊ဇာနည်မောင်၊ စောနိုင်ဝင်း
No comments:
Post a Comment