Tuesday, September 25, 2018

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲများ ကျင်းပမည်

Image may contain: 3 people, people playing sports and outdoor
ရန်ကုန် စက်တင်ဘာ ၂၄
၂ဝ၁၈ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ဒုတိယ အကျော့ကို အမှတ်ပေးပြိုင်ပွဲအပြီး သုံးရက်အကြာတွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး လက်ရှိချန်ပီယံရှမ်းယူနိုက် တက်နှင့် ဟံသာဝတီ၊ မကွေးနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ ဒုတိယအကျော့ပွဲများ အဖြစ် စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီတွင် တောင်ကြီးကွင်း၌ ရှမ်း ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ အသင်း၊ စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ မကွေး အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပထမအကျော့တွင် ရန်ကုန် အသင်းက နိုင်ပွဲရထားပြီး လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ သရေပွဲ ကြုံတွေ့ထားသည်။ အိမ်ကွင်း၌ သရေကျထားသည့် ဟံသာဝတီနှင့် အဝေးကွင်း၌ ရှုံးနိမ့်ထားသည့် မကွေးအသင်းတို့၏ ရုန်းကန်မှုကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ် သည်။ ရန်ကုန်အသင်းသည် ပထမ အကျော့ အိမ်ကွင်းပွဲတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသောကြောင့် ဒုတိယအကျော့တွင် အနိမ့်ဆုံး သရေ ကစားရုံဖြင့် ဗိုလ်လုပွဲတက်ရောက် နိုင်မည်ဖြစ်သလို အဝေးကွင်းဂိုးသွင်း နိုင်ပါက တစ်ဂိုးအကွာ ဖြင့်ရှုံးနိမ့်လျှင် လည်း တက်ရောက်နိုင်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် စက်တင်ဘာ ၂၃ ရက်ကMNLအမှတ်ပေးချန်ပီယံ ဆုကို ရယူနိုင်ခဲ့သော်လည်း ဒဏ်ရာရကစားသမားများရှိနေသောကြောင့် ယခုပွဲတွင် ရလဒ်ကောင်းရရန် ရုန်းကန်ရဖွယ်ရှိနေသည်။ ပထမအကျော့တွင် ဂိုးမရှိသရေကျထားသည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီပွဲမှာလည်း အကြိတ်အနယ်ဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။ ပထမအကျော့ပွဲတွင် ပွဲပယ်ခံထားရသည့် ဟံသာဝတီ တိုက်စစ်မှူး ဂျိုးဇက်သည် ယခုပွဲတွင် ပြန်လည်ပါဝင်လာမည်ဖြစ်ရာ တိုက်စစ် ပိုကောင်းလာဖွယ်ရှိနေသည်။
ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်း၌ သရေကျသော်လည်း အဝေးဂိုးမရသောကြောင့် အိမ်ကွင်း၌ မဖြစ်မနေ အနိုင်ကစားရမည် ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရာသီကရရှိခဲ့သည့် ချန်ပီယံဆုနှစ်ခု အနက် အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ခဲ့ရသောကြောင့် ရှုံးထွက်ချန်ပီယံဆု ကာကွယ်နိုင်ရန်သာ ကြိုးစားရတော့မည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ချန်ပီယံဆုရယူနိုင်ခဲ့ပြီး တစ်ကျော့ပြန်ဗိုလ်လုပွဲတက် ရောက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
မကွေးနှင့် ရန်ကုန်၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့၏ အားပြိုင်မှုများဖြင့် ဒုတိယအကျော့မှာလည်း စိတ်ဝင်စားဖွယ်ကောင်းနေ သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment