
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
လုပ်ငန်းရှင်ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ်သိမ်းပိုက်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ လူနည်းစုနှင့် မျိုးတုန်းပျောက်ကွယ်လုနီးဖြစ် သော ဆလုံ(ခ) မော်ကင်းလူမျိုးများနှင့် ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကော့သောင်းခရိုင်အတွင်းရှိ မကျုံဂလက်၊ ညောင်ဝိ၊ ဂျာလန်း၊ ဂျာအုံနှင့် လငန်းကျွန်းများတွင် ဒေသခံပြည်သူများအခြေပြု ခရီးသွားလုပ်ငန်း (CBT) များ ဖော်ဆောင်ပေးရန်နှင့် ထိုကျွန်းများပေါ်ရှိ ရွာမြေများ၊ ပင်လယ်ကမ်းခြေ၊ ပင်လယ်အော်များကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ် သိမ်းပိုက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ထားဝယ် ခရိုင်တွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအား Pilot Project အဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြိတ်ခရိုင်တွင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင် ကော့သောင်း မြို့နယ် မကျုံဂလက်ကျေးရွာတို့တွင် အစဉ်လိုက် ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းမျာ
းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ကျွန်းများပေါ်တွင် ကုမ္ပဏီများက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်၊ မြေငှား ရမ်းစာချုပ်နှင့်BOT စာချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုမိန့်များဖြင့် စီမံဆောင်ရွက်လျက် ရှိနေပါသဖြင့် လုပ်ငန်းရှင်ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ်သိမ်းပိုက်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ကျွန်းများပေါ်တွင် ကုမ္ပဏီများက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်၊ မြေငှား ရမ်းစာချုပ်နှင့်BOT စာချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုမိန့်များဖြင့် စီမံဆောင်ရွက်လျက် ရှိနေပါသဖြင့် လုပ်ငန်းရှင်ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ်သိမ်းပိုက်မှုများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
မေယုမြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်မရှိသေး
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ စစ်တွေ- မေယု ဒေသဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော မေယုမြစ်ကူးတံတားကို မူစဲကျွန်းမှတစ်ဆင့် ဖြတ်သန်းပြီး တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က စစ်တွေမြို့မှ မေယုဒေသ၊ ဘူးသီးတောင်မြို့သို့ ဆက်သွယ်သွားလာနိုင်ရန် အတွက် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်းကို ဖောက်လုပ် ပေးထားပြီး လမ်းပေါ်ရှိ တံတားများကိုလည်း ပြုပြင်တည်ဆောက်ပေးထားပြီး ဖြစ်ပါသဖြင့် မော်တော်ယာဉ်များဖြင့် တိုက်ရိုက်သွားရောက်နိုင်ပြီဖြစ်ပါ ကြောင်း၊ အဆိုပါ လမ်းသည် အရှည် ၇၉ မိုင် ၁ ဖာလုံရှိပြီး ပေ ၁၈ဝ အထက် တံတား ၉ စင်းပါဝင်ပါကြောင်း၊ စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်- ဘူးသီး တောင်လမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင်တိုးမြှင့် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသဖြင့် ရန်ပုံငွေသုံးစွဲကုန်ကျမှုများ ရှိပြီး လမ်းအဆင့်တိုးမြှင့် ဆောင်ရွက်ပြီးပါက စစ်တွေမှ ဘူးသီးတောင်သို့ ၇၉ မိုင် ၁ ဖာလုံခရီးကို ၃ နာရီခွဲခန့်ဖြင့် ရောက်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ပြင် တစ်ဖက်တွင်လည်း အငူမော်မှတစ်ဆင့် မောင်တောသို့ ကွန်ကရစ် လမ်းခင်း၍ လမ်းအဆင့်တိုးမြှင့်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းအဆင့်ပြီးစီးပါက စစ်တွေမှတစ်ဆင့် ဇက်ရေယာဉ်ဖြင့် အငူမော် သို့ကူးပြီး အငူမော်မှတစ်ဆင့် ကွန်ကရစ်လမ်းအတိုင်း မောင်တာသို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း။
စစ်တွေမှ ဘူးသီးတောင်သို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး အတွက် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်းအား အဆင့် တိုးမြှင့်ဆောင်ရွက်ရာတွင် မူစဲကျွန်းမှတစ်ဆင့် ဖောက်လုပ်မည့် လမ်းအပိုင်းတွင် တံတား ၃ စင်းလိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါတံတား ၃ စင်းမှာ ပေ ၄၃ဝဝ ခန့်ရှည်မည့် တံတားအမှတ်(၁)၊ ပေ ၅၅ဝ ခန့်ရှည်မည့် တံတားအမှတ် (၂)နှင့် ပေ ၁၄၃ဝဝ ရှည်မည့် တံတားအမှတ် (၃) တို့ ဖြစ်ပါကြောင်း၊ ထို့ပြင် တံတား၏ ချဉ်းကပ်လမ်းများ ဆောင်ရွက်ရမည့်ပမာဏမှာ ကြီးမားပါကြောင်း။
ထို့ကြောင့် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်- မောင်တောလမ်းအပိုင်းကို ဦးစွာ ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်း အဆင့်၊ ကွန်ကရစ်လမ်းအဆင့်အဖြစ် အဆင့်မြှင့်ဆောင်ရွက်သွားမည်ဖြစ် သည့်အတွက် လတ်တလောတွင် တင်ပြထားသည့် လမ်းကြောင်းတွင်ရှိသည့် တံတား ၃ စင်းကို တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ သို့သော် ရေရှည်လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အတွက် ပဏာမ ကြိုတင်ဖြစ် မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု (Pre Feasibility Study) အား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်းစီမံကိန်းလျော်ကြေးပေးချေရန် ညှိနှိုင်းဆောင်ရွက်၍မရပါကမြေသိမ်းအက်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစိုင်းအုန်းကျော်၏ ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ နောင်ချိုမြို့ရှောင်လမ်းစီမံကိန်း သို့မဟုတ် ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်းစီမံကိန်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် လက်ရှိတည်ဆောက်မည့်နေရာသည် ကမ္ဘာကျော် ဂုတ်ထိပ်ရထားလမ်းတံတား ကြီးမှ ၆၉၆ မီတာကွာဝေးသောနေရာတွင် တည်ဆောက်မည်ဖြစ်ပြီး တံတားပြီး သည့်အချိန်တွင် ကမ္ဘာကျော် ဂုတ်ထိပ်တံတားကိုလည်း ယှဉ်တွဲပြီး မြင်တွေ့ရ မည်ဖြစ်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ တံတားတည်ဆောက်မည့်ပုံစံသည် မြန်မာနိုင်ငံ တွင် တစ်ကြိမ်တစ်ခါမျှ တည်ဆောက်ခြင်းမရှိသေးသည့် Balance Cantilever Method ကို Cable Stayed နှင့် ပေါင်းစပ်တည်ဆောက်မည် ဖြစ်ပါကြောင်း။
တံတားတိုင်၏ အမြင့်သည် ပျမ်းမျှ ပေ ၆ဝဝ ခန့်မြင့်မည်ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင် အမြင့်ဆုံးတံတားဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်မည့် လမ်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ပိုင်ရန်ပုံငွေဖြင့် ဆောင်ရွက်မည်မဟုတ်ဘဲ Oriental Highway Co.,Ltd. . ပိုင်ငွေကြေးဖြင့် စိုက်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခန့်မှန်းခြေ မြန်မာငွေကျပ် ၄ဝ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၂ဝ ဒသမ ၇၇ သန်း ငွေနှစ်ရပ်ပေါင်း၍ သုံးစွဲကုန်ကျမည် ဖြစ်ပါကြောင်း။
နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် တည်ဆောက်ခြင်း စီမံကိန်းဧရိယာတွင် ကျောက်မဲမြို့နယ်အတွင်း စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ၁၆၉ ဒသမ ၉၉ ဧကနှင့် နောင်ချိုမြို့နယ်အတွင်း စိုက်ပျိုးမြေနှင့် သစ်တောမြေ စုစုပေါင်း ၃၂၉ ဒသမ ၇၄ ဧကတို့ပါဝင်ပြီး မြေဧရိယာ စုစုပေါင်းမှာ ၄၉၉ ဒသမ ၇၃ ဧကဖြစ်ပါကြောင်း၊ အဆိုပါ မြေဧရိယာ ၄၉၉ ဒသမ ၇၃ ဧကအနက် ၃၆ ဒသမ ၃၅ ဧကသည် အစိုးရအဖွဲ့အစည်းပိုင်ဖြစ်သည့်အတွက် လျော်ကြေး ပေးချေရန် မလိုအပ်ပါသဖြင့် ကျန်ရှိသော လျော်ကြေးပေးချေရန် လိုအပ်သည့် တောင်သူ ၂၈၃ ဦး၏ မြေ ၄၆၃ ဒသမ ၃၈ ဧကအတွက် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလနှင့် ဖြည့်စွက်ရန်ပုံငွေ) စုစုပေါင်း ၆ ဒသမ ၁၇၃ ဘီလီယံရရှိခဲ့ပြီး တံတားဦးစီးဌာနမှ ပေးလျော်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။
လျော်ကြေးငွေပေးချေရာတွင် သဘောတူခဲ့သည့် တောင်သူ ၂၂၁ ဦး၏ မြေ ၃၄၄ ဒသမ ၂ ဧကအနက် တောင်သူ ၂၁၄ ဦး၏ မြေ ၃၃၃ ဒသမ ၈၁ ဧကအတွက် ငွေကျပ် ၄ ဒသမ ၄၁၇ ဘီလီယံ ပေးလျော်ထားပြီး ဖြစ်ပါသဖြင့် လက်ရှိအချိန်တွင် ပေးလျော်ထားရှိမှုမှာ ၇၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ သဘော တူ လက်ခံခြင်းမရှိသည့် တောင်သူ ၆၂ ဦး၏ မြေ ၁၁၉ ဒသမ ၁၈ ဧကအား သတ်မှတ်လျော်ကြေး ပေးချေနိုင်ရေးအတွက် ဒေသခံလွှတ်တော်ကိုယ်စားလှယ် များက တိုက်တွန်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။
လျော်ကြေးငွေတောင်းခံခြင်း မရှိသေးသည့် တောင်သူ ၆၂ ဦးက လျော်ကြေးလက်ခံပြီးစီးသွားပါက စီမံကိန်းလုပ်ငန်းများကို ချက်ချင်း စတင်နိုင် မည်ဖြစ်ပါကြောင်း၊ လျော်ကြေးပေးချေရန် ညှိနှိုင်းဆောင်ရွက်၍မရပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ခွင့်ပြုမိန့်ရရှိထားသည့်အတွက် လျော်ကြေးမယူပါကလည်း နိုင်ငံတော်စီမံကိန်းဖြစ်သည့်အတွက် ၁၈၉၄ ခုနှစ် ဥပဒေဖြင့် ဆက်လက် ဆောင်ရွက်သွားရမည့် စီမံကိန်းဖြစ်ပါကြောင်း။
တံတားတည်ဆောက်ရေး စီမံကိန်းဧရိယာတွင် ပါဝင်သော တောင်သူ ၂၂၁ ဦးအား မြေယာလျော်ကြေးငွေ ၄ ဒသမ ၄၁၇ ဘီလီယံ ပေးလျော်ပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိသော တောင်သူ ၆၂ ဦးအား မြေယာလျော်ကြေးငွေ လက်ခံနိုင်ရေးအတွက် ဖျောင်းဖျပေးနိုင်ပါရန် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များအား အကူအညီတောင်းခံအပ်ပါကြောင်း ဖြေကြားသည်။
အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးနောင်နဂျာတန်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး
ထို့နောက် နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေအစား မြေနယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေဖြင့် အစားထိုးပြင်ဆင်လိုပါကြောင်း၊ နယ်နိမိတ် သတ်မှတ်ရေး အရာရှိဆိုသည်မှာ ဤဥပဒေပါ နယ်နိမိတ်သတ်မှတ်ရေးအရာရှိ၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူဟူ၍ အစား ထိုးမည် ဖြစ်ပါကြောင်း၊ ကြော်ငြာစာနေရာတွင် အကြောင်းကြားစာဖြင့် ပြင်ဆင် ဖြည့်စွက်လိုပါကြောင်း၊ ထို့ပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်ကို မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများအတွင်းရှိ မြေများ၏ နယ်နိမိတ်များဟူ၍ ထပ်မံဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်က တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းဆိုသည့် စာသားနောက်တွင် ပြင်ဆင်မှုကို လိုက်နာ စေခြင်းဆိုသည့် စကားရပ်နှင့် ပိုင်ဆိုင်မှု (သို့မဟုတ်) လက်ရှိဖြစ်ခြင်းနှင့်စပ်လျဉ်း သည့် အငြင်းပွားမှုကို လက်ခံခြင်း၊ ဖြေရှင်းပေးခြင်းဆိုသည့် စကားရပ်ကို ဖြည့်စွက်လိုပါကြောင်း၊ အဆိုပါ စကားရပ်နှစ်ရပ်ကို ဖြည့်စွက်လိုက်ပါက နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအတွင်းရှိ ကွင်းအကွက်များ၏ မြေနယ်နိမိတ်များ တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြင်ဆင်မှုကို လိုက်နာစေခြင်း၊ ပိုင်ဆိုင်မှု (သို့မဟုတ်) လက်ရှိဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကိုလက်ခံခြင်း၊ ဖြေရှင်းပေးခြင်း ဆောင်ရွက်နိုင်စေရန်ဟူ၍ စာစီ ရမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်လိုသည့်အကြောင်းအရင်းမှာ ရည်ရွယ်ချက် အခန်း(၂)ကို အကောင်အထည်ဖော်သည့် အခန်း(၃)၊ (၄)၊ (၅)၊ (၆)၊ (၇) လုပ်ငန်းများနှင့် ရှေ့နောက် ဆက်စပ်မှုရှိရန် လိုအပ်မည်ဟု ယူဆသည့်အတွက် ပြင်ဆင်ဖြည့်စွက်လိုခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂ဝ၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို စက်တင်ဘာ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)
No comments:
Post a Comment