
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့်သက်ဆိုင်သည့် မေးခွန်းခြောက်ခုမေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ တစ်ခုတင်ပြခြင်း၊ ဥပဒေကြမ်းတစ်ခုလက်ခံရရှိကြောင်းတင်ပြခြင်း၊ ဥပဒေကြမ်း တစ်ခု လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ အဆိုတစ်ခုဆွေးနွေးခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ကံမမြို့နယ် သမဝါယမဦးစီးဌာနမှလည်း ဥပဒေနှင့်မကိုက်ညီသော၊ ခွင့်မပြုသောပစ္စည်းများ ရောင်းချခြင်း မပြု
မေးခွန်းများ မေးမြန်းဖြေကြားကြရာတွင် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကံမမြို့နယ် မြို့နယ်သမဝါယမအသင်းလီမိတက်သည် နိုင်ငံတော်မှ ချေးပေး သော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့် မညီသောဆိုင်ခန်း၊ အိမ်ခန်း ငှားစားနေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမအသင်းပိုင်မြေ၊ အဆောက်အအုံများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူငှားရမ်းခြင်း၊ လူနေထိုင်ရန် အခန်းများ ငှားရမ်းခြင်းတို့ကို ဆောင်ရွက် ရာတွင် သမဝါယမပုံရိပ်ကျဆင်းစေသည့် အဖြစ်မျိုးမှ ရှောင်ကြဉ်နိုင်စေရန်၊ သမဝါယမဥပဓိရုပ်ကောင်းမွန်စေရန်၊ ငှားရမ်းသည့်အခန်းများတွင် ဥပဒေနှင့် မလွတ်ကင်းသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ အရက်သေစာ ရောင်း ချသည့် လုပ်ငန်းရှင်များကို လုံးဝငှားရမ်းခြင်းမပြုရန်နှင့် ရောင်းချမှုမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ကံမမြို့နယ် သမဝါယမဦးစီးဌာနမှလည်း ဥပဒေနှင့်မကိုက်ညီသော၊
ခွင့်မပြုသောပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် အရက်သေစာများ ရောင်းချ ခြင်းမပြုရန် ငှားရမ်းသူများထံမှ ဝန်ခံကတိရယူဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း။
ခွင့်မပြုသောပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် အရက်သေစာများ ရောင်းချ ခြင်းမပြုရန် ငှားရမ်းသူများထံမှ ဝန်ခံကတိရယူဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း။
ကံမမြို့နယ်သမဝါယမအသင်းစု လီမိတက်အနေဖြင့် China Exim Bank ချေးငွေများအား ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ခြောက်လတစ်ကြိမ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပြီး အသင်းစုပိုင်မြေနှင့် အဆောက်အအုံများငှားရမ်းမှုတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်မှုများ မရှိပါကြောင်းနှင့် လိုက်နာမှုမရှိပါက တည်ဆဲသမဝါယမဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ သီးခြားလမ်းညွှန်ထားရှိမှုမရှိဘဲ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်နှင့်အညီ စီမံဆောင်ရွက်
နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တည်ဆောက်မှုလုပ်ငန်းများအတွက် မည်သည့် လမ်းညွှန်မှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လမ်းညွှန်မှုများ ခွဲခြားထားခြင်း ရှိ၊ မရှိ၊ တင်ဒါခေါ်ယူ အောင်မြင်ပြီး သော လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်အရောက်ပို့ဆောင်ရာတွင် မည်သူ က စိစစ်လက်ခံဆောင်ရွက်နေသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ဖွဲ့စည်းပေးသော တင်ဒါကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေး ကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအား အတည်ပြုခြင်း၊ တင်ဒါစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ သတင်းစာတွင် ကြော်ငြာထည့်သွင်းခြင်း၊ တင်ဒါပိတ်ရက်မတိုင်မီ တင်ဒါတင်သွင်းမည့် ကုမ္ပဏီ များနှင့် မီဒီ
ယာများဖိတ်ကြား၍ တင်ဒါစည်းကမ်းချက်များရှင်းလင်းခြင်း၊ တင်ဒါပိတ်ရက်တွင် နည်းပညာ အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား စစ်ဆေးခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ သီးခြား လမ်းညွှန်ထားရှိမှုမရှိဘဲ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်နှင့်အညီ စီမံဆောင် ရွက်လျက်ရှိပါကြောင်း။
ယာများဖိတ်ကြား၍ တင်ဒါစည်းကမ်းချက်များရှင်းလင်းခြင်း၊ တင်ဒါပိတ်ရက်တွင် နည်းပညာ အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား စစ်ဆေးခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ သီးခြား လမ်းညွှန်ထားရှိမှုမရှိဘဲ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်နှင့်အညီ စီမံဆောင် ရွက်လျက်ရှိပါကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းအားလုံးကို ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်များအနေဖြင့် တင်ဒါခေါ်ယူဆောင် ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျပ်သန်း ၁ဝဝ နှင့်အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ် သော တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူရာတွင်လည်း တင်ဒါခေါ်ယူ၍ ဝယ်ယူလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မြေပုံမိတ္တူရေးကူးရန်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားရန် လိုအပ်
ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူမြို့ ဦးပိုင်အမှတ် (၁၁၈/ခ)မြေကွက်သည် မြို့နယ်မြေစာရင်းဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် မြေပုံမိတ္တူများကို ရရှိနိုင်ရန် လျှောက်ထားသည့်အခါ သက်ဆိုင်ရာ ဝန်ကြီးဌာနက မိတ္တူထုတ်ပေးရန် တာဝန်ရှိသော်လည်း မည်သည့်အတွက် လိုက်နာခြင်းမပြုသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ကျောက်ဖြူမြို့ အလယ် ပိုင်းရပ်ကွက် အကွက်အမှတ်(၂-င)၊ အနောက်ပိုင်းအကွက် ဦးပိုင်အမှတ် (၁၁၈/ခ)၊ ဧရိယာ သုည ဒသမ ဝ၉၈ ဧကသည် ဦးသန်းမြင့် အမည်ပေါက် ဘိုးဘွားပိုင်မြေဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ယင်းမြေကွက်နှင့် ပတ်သက် ၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများ၌ သက်ဆိုင် ရာ မှတ်ပုံတင်စာအုပ်များဖြင့် နည်းလမ်းတကျ မှတ်တမ်းတင်ထားရှိပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထိန်းသိမ်းထားသည့် မှတ်တမ်းများနှင့်ပတ်သက်၍ မိတ္တူရေးကူးခွင့်၊ ကြည့်ရှုစစ်ဆေးခွင့်၊ တရားရုံး သက်သေခံခွင့် စသည့်ကိစ္စရပ်များကို တည်ဆဲမြန်မာနိုင်ငံ မြေစာရင်း လက်စွဲ ဥပဒေအတိုင်း ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် အမည်ပေါက်သူ ကာယကံ ရှင် သို့မဟုတ် တရားဝင်သက်ဆိုင်သ
ူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူမှ လျှောက်ထားရန် လိုအပ်ပါကြောင်း။
ူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူမှ လျှောက်ထားရန် လိုအပ်ပါကြောင်း။
မြေပုံမိတ္တူရေးကူးရန်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်ပေါက်သူ ကာယကံရှင် သို့မဟုတ် တရားဝင်သက်ဆိုင်သူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူမှ လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အများပြည်သူအကျိုးငှာ မြေပုံမိတ္တူရေးကူးခွင့်အား မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးကူးဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့အတူ မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းစန်သိန်း၏ မိုးနဲမြို့နယ်အတွင်းရှိ နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်း၊ နောင်ကျော့အင်းနှင့် လွိုင်စယ်အင်းများအား အချိန်မီ ချဲ့ထွင်တူးဖော် ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း၊ တမူးမဲဆန္ဒ နယ်မှ ဦးနိုင်နိုင်ဝင်း၏ တမူးမြို့နယ် အင်ဒိုင်းအုပ်စု ရန်ငြိမ်းအောင်ကျေးရွာနေ ပြည်သူများအတွက် လယ်ယာမြေဖော်ထုတ်လုပ်ကိုင်ခွင့် ရရှိရန်စီမံဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ ခရိုင် သို့မဟုတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အအုံနှင့် ခရိုင် သို့မဟုတ် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အအုံတို့ကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းတို့အပေါ် ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင်ဒေါ်သန္တာက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ''မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်း''ကို လက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေးပြီး ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ''စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ် သည်။
ကျွမ်းကျင်ပညာရှင်များ လိုအပ်သည့် အရေအတွက်ကို သုတေသနပြုလုပ် ပြီး သင့်လျော်သော မူဝါဒနှင့်နည်းဗျူဟာ ချမှတ်ရေးဆွဲဆောင်ရွက်သင့်
ထို့နောက် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက တင်သွင်းသည့် ''ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် သင်တန်း (Technical and Vocational Education and Training-TVET)ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စက်မှုလက်မှု အထက်တန်းကျောင်း (Technical High School)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (Government Technical Institute)၊ နည်းပညာတက္ကသိုလ် (Technical University)တို့ကို တိုးချဲ့ဖွင့်လှစ်သင်ကြားနေရာ တိုင်းပြည်အတွက် အမှန် တကယ်လိုအပ်နေသော ကျွမ်းကျင်လုပ်သားများ(Skilled Workers)၊ ကျွမ်းကျင် ပညာရှင်များ (Technicans)၊ အင်ဂျင်နီယာပညာရှင်များ (Engineers)၏ လိုအပ်သော အရေအတွက်ကို သုတေသနပြုလုပ်ပြီးမှသာလျှင် သင့်လျော် သောမူဝါဒနှင့် နည်းဗျူဟာ (Appropriate Policy and Strategy)များ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ပါကြောင်းကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း''အဆိုကို လွှတ်တော်သို့တင်သွင်းသည်။
အဆိုနှင့်စပ်လျဉ်း၍ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ယနေ့ ခေတ် နိုင်ငံအချို့၏ ပညာရေးကဏ္ဍတွင် အသက်မွေးဝမ်းကျောင်းပညာကို အခြေခံပညာရေးနှင့် ဆက်စပ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်သစ်အသက်မွေးဝမ်းကျောင်းပညာကျောင်းများ သည် လူသားအရင်းမြစ်၏ အရည်အသွေးကို ခေတ်စနစ်နှင့်လျော်ညီအောင် သင်ကြားပေးနိုင်ရမည် ဖြစ်သည့်အပြင် အစိုးရမူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များကို ဟန်ချက် ညီညီဖြင့် မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ နည်းပညာရှင်မွေးထုတ်မှုတွင် တစ်နှစ်လျှင် အိန္ဒိယနိုင်ငံက ၁၃၅ဝဝဝ၊ စင်ကာပူ နိုင်ငံက ၇ဝဝဝဝ ရှိပြီး မြန်မာနိုင်ငံက ၁ဝဝဝဝ ခန့်သာဖြစ်ပါကြောင်း၊ တက္ကသိုလ် ပညာသင်ကြားရန် အစိုးရ၊ ကျောင်းသားမိဘများက ငွေကြေးကျခံရပြီး ကျောင်းသားအနေဖြင့် လည်း အချိန်နှင့် အားစိုက်ထုတ်ရပါကြောင်း၊ ကျောင်းပြီး၍ သင်ကြားထား သည့်ပညာဖြင့် လုပ်ကိုင်ခွင့်မရလျှင် အားလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်ပါကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ်ကို အသုံးချခွင့်မရဘဲ တိုင်းပြည်တွင် အလုပ် လက်မဲ့များနေလျှင် နိုင်ငံတော်မူဝါဒတစ်ခုခု လိုအပ်နေပြီဖြစ်ပါကြောင်း၊ တတ် မြောက်ထားသည့် ပညာဖြင့် လူမှန်၊ နေရာမှန် ဆောင်ရွက်
နိုင်ပါမှ တိုးတက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယခုအဆိုတွင်လည်း ကျွမ်းကျင်ပညာရှင်များ လိုအပ်သည့် အရေအတွက်ကို သုတေသနပြုလုပ်ပြီးမှသာ သင့်လျော်သော မူဝါဒနှင့် နည်းဗျူဟာ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ကြောင်းကို တိုက်တွန်း ထားသည်ဖြစ်၍ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
နိုင်ပါမှ တိုးတက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ယခုအဆိုတွင်လည်း ကျွမ်းကျင်ပညာရှင်များ လိုအပ်သည့် အရေအတွက်ကို သုတေသနပြုလုပ်ပြီးမှသာ သင့်လျော်သော မူဝါဒနှင့် နည်းဗျူဟာ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ကြောင်းကို တိုက်တွန်း ထားသည်ဖြစ်၍ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က လက်ရှိကာလတွင် နည်းပညာဝန်ကြီး ဌာနကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းလိုက်ပါကြောင်း၊ သို့သော်လည်း နည်း ပညာကဏ္ဍအတွက်နှင့် ဒုတိယဝန်ကြီးခန့်အပ်ထားမှု မရှိသည်ကိုတွေ့ရပါ ကြောင်း၊ အဆိုရှင်တင်ပြသည့် နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မူဝါဒနှင့် နည်းဗျူဟာများချမှတ်ခြင်း၊ သုတေသနပြုခြင်းလုပ်ငန်း များကို ဆောင်ရွက်သင့်ပါကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာရပ်များကို ပိုမိုအလေးထားဆောင်ရွက်လာနိုင်ရန် တွန်းအားတစ်ရပ်ထားရှိသင့်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့်ဆိုင်သည့် ကဏ္ဍများကို ကျယ် ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး(နည်းပညာ)တစ်ဦး ခန့် ထားပြီး နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ဆောင်ရွက်မည်ဆိုပါက ပိုမို အဆင်ပြေမည်ဟု အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
ထို့အတူ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ သိန်းနီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက် ခိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ချမ်းအေးသာစံမဲဆန္ဒနယ် မှ ဦးမျိုးနိုင်နှင့် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်တို့ကလည်း ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်အတွက် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် သုတေသနများပြုလုပ်ဆောင်ရွက်ပြီးမှ ချမှတ် ရေးဆွဲခဲ့သည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂ဝ၁၆-၂ဝ၂၁) အရ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမအင်အား၊ သင်ထောက်ကူပစ္စည်း၊ လက်တွေ့ ခန်းသုံးပစ္စည်းများနှင့်Infrastructure စသည့် လိုအပ်ချက်များအား ဘဏ္ဍာ နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး(Technical and Vocational Education and Training- TVET) အတွက် သင်ယူနိုင်သော အခွင့်အလမ်းများ တိုးချဲ့ဆောင်ရွက်ခြင်း များကိုလည်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP)နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်ဂျင်နီယာပညာရေး အတွက် နည်းပညာတက္ကသိုလ်များကို အဆင့်မြင့်ပညာဦးစီးဌာနအောက်တွင် ထားရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန ဖွဲ့စည်းပြီး သုတေသနလုပ်ငန်းများ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်မည် ဖြ
စ်ပါကြောင်း၊ ယခုအဆိုတွင် ပါရှိသည့်အကြောင်းအရာများ အားလုံးကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆို၏အဓိပ္ပာယ်သည် နည်းပညာနှင့် သက်မွေးပညာဆောင်ရွက်ချက်များကို ယခုထက်ပိုမိုတိုးတက် ဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံအတွက်လိုအပ်နေသော ဘက်ပေါင်းစုံ သက်မွေး ပညာရပ်များကို တိုးချဲ့ဆောင်ရွက်ရန်အတွက် တိုက်တွန်းသည့်အဆိုဖြစ်ခြင်း ကြောင့် အဆိုကိုလက်ခံပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
စ်ပါကြောင်း၊ ယခုအဆိုတွင် ပါရှိသည့်အကြောင်းအရာများ အားလုံးကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆို၏အဓိပ္ပာယ်သည် နည်းပညာနှင့် သက်မွေးပညာဆောင်ရွက်ချက်များကို ယခုထက်ပိုမိုတိုးတက် ဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံအတွက်လိုအပ်နေသော ဘက်ပေါင်းစုံ သက်မွေး ပညာရပ်များကို တိုးချဲ့ဆောင်ရွက်ရန်အတွက် တိုက်တွန်းသည့်အဆိုဖြစ်ခြင်း ကြောင့် အဆိုကိုလက်ခံပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့ကို စက်တင်ဘာ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်(သတင်းစဉ်)
No comments:
Post a Comment