Tuesday, September 4, 2018

စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ ကျင်းပ

Image may contain: one or more people and people standing
နေပြည်တော် စက်တင်ဘာ ၃
စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် ၂ဝ၁၈ ခုနှစ် ဧပြီလမှစတင်ပြီး စီးပွားရေးသံမှူးများ ရွေးချယ်စေလွှတ်ရေး အတွက် နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်ထားကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် လက်ရှိစေလွှတ်ထားသည့် စီးပွားရေးသံမှူးများနေရာတွင် စီးပွားရေးသံမှူး အသစ်များ ခန့်အပ်တာဝန်ပေးအပ်ရန်အတွက် သင်တန်းပေးပြီး ရွေးချယ် စေလွှတ်သွားမည်ဖြစ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
စီးပွားရေးသံမှူး စေလွှတ်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပေးနိုင်ရန်၊ ကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးမြှင့်တင်ချိတ်ဆက်မှု ကောင်းကောင်းရရှိရန်ဖြစ်ပါ ကြောင်း၊ စီးပွားရေးသံမှူးများကို စီးပွားရေးအရ အရေးပါသည့်နိုင်ငံများသို့ စေလွှတ်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြား သည်။
စီးပွားရေးသံမှူးများ အသိပညာဗဟုသုတများ ပြည့်ဝစေရန် မြန်မာနိုင်ငံ နှင့်သက်ဆိုင်သည့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်ရေးဆိုင်ရာအဖွဲ့အစည်းများ၏ အတွေ့အကြုံ များကို သက်ဆိုင်သည့်ဝန်ကြီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် မြန်မာ နိုင်ငံရှိ နိုင်ငံခြားသံရုံးများမှ သံတမန်များကို ဖိတ်ကြားပြီး ပို့ချပေးမည်ဖြစ် သည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှိ သတ်မှတ်ချက်နှင့် အကျုံးဝင်သော လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ အရာထမ်း ၂၈ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment