Tuesday, September 4, 2018

လယ်ယာ၊ သားငါးကဏ္ဍတွင်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ဆွေးနွေး

Image may contain: 3 people, people sitting and indoor
နေပြည်တော် စက်တင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ Metro Wholesale Myanmar ၏ Deputy CEO ဖြစ်သူ Mr. Tipayarat Kaewsrignarm ဦးဆောင်သော အဖွဲ့ဝင်များအား ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးရာတွင်Metro Wholesale Myanmar က တောင်သူ ပညာပေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးထွက်ကုန် များနှင့် သား၊ ငါးကဏ္ဍ ထုတ်ကုန်များ၏ ထုတ်လုပ်မှုအရည်အသွေးတိုးတက် ရေးနှင့် ယင်းထုတ်ကုန်များအား နိုင်ငံတကာ စံချိန်စံညွှန်းမီ ထောက်ခံချက် လက်မှတ်များ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment