
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာ ၄ ရက် ညနေ ၅ နာအချိန်တွင် တောင်ကျရေများကလောချောင်းအတွင်းစီးဝင် ကာ ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့သည်။
ရေလျှံမှုတွင်ချောင်းဘေးရှိ ရပ်ကွက် ၂ မှ အိမ်ထောင်စု ၅၂ စု အိမ်ခြေ ၄၇ နှင့် ရပ်ကွက် ၄ မှ အိမ်ထောင်စု ၄၄ စု အိမ်ခြေ ၃၃ အိမ်အတွင်းသို့ချောင်းရေများဝင်ရောက်ခဲ့သည်။
အဆိုပါရေလျှံမှုဖြစ်ပွားရာနေရာသို့ မြို့ နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး လူ နှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း နှင့်  ည ၉နာရီခွဲ တွင် ရေပြန်လည်ကျနေပြီဖြစ်ကြောင်းသိရသည်။
မြို့ နယ်ပြန်/ဆက်
No comments:
Post a Comment