
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များမှ ကျေးလက်နေတောင်သူများအား ငမြှောင်တောင်ပိုးကြိုတင်ကာကွယ်နှိမ်နင်းရေးအကြောင်းအသိပညာပေး ဆွေးနွေးခြင်းကို စက်တင်ဘာ ၄ ရက်၊ နံနက်ပိုင်းက မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု ဝမ်တာကြန့်ကျေးရွာရှိ တောင်သူများတို့၏ လယ်မြေများ၌ ကွင်းဆင်းပြသကာ အသိပညာပေးခဲ့သည်။
အဆိုပါ အသိပညာပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများအဖွဲ့က ငမြှောင်တောင်ပိုးကာကွယ်နှိမ်နင်းရေးနည်းများ၊ စပါးသီးနှံတွင် ကျရောက်တတ်သောရောဂါနှင့် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည် တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျကိုင်တွယ် သုံးစွဲနည်းများအကြောင်းကို ဓာတ်ပုံများပြသကာ ယင်းကျေးရွာရှိ တောင်သူများအား အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)
No comments:
Post a Comment