Wednesday, September 5, 2018

မိုးရွာသွန်းမှုနည်းသောကြောင့် ငါ့သရောက်မြို့အတွင်းရှိ ရေကန်အချို့မိုးရေ၀င်ရောက်မှုမရှိသေး

Image may contain: tree, plant, sky, grass, outdoor and nature
ငါ့သရောက် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်းရှိ မြေသားမိုးရေလှောင်ကန်များရေ၀င်ရောက်မှုမရှိသေးကြောင်းသိရသည်။
ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင်ပါဝင်ပြီး တစ်နှစ်ပတ်လုံးမိုးရေချိန်၂၀လက်မအောက်တွင်သာနှစ်စဉ်ရွာသွန်းလေ့ရှိပြီး၂၀၁၈ခုနှစ် မေလအတွင်းကသာမိုးနှစ်ကြိမ် ရွာသွန်းကြောင်းသိ ရသည်။ငါ့သရောက်မြို့ကျေးရွာများရှိမြေသားရေကန်များရေ၀င်ရောက်မှုမရှိသေးဘဲ မိုးရွာရန်သာမျှော်နေကြကြောင်းနှင့်မိုးရွာမှသာမြေသားရေကန်များရေ၀င်ရောက်ပြီးကျွဲ၊နွား၊ဆိတ်များအတွက် ရေမပူပန်ရကြောင်း တပိုင်တနိုင်သီးနှံခင်းများစိုက်ပျိုးရရှိနိုင်ကြောင်းကန်မောက်ကြီးတဲတိုက်နေ ဦးမြင့်ဆောင်ကပြောပြသည်။
''ကျွန်တော်တို့ ငါ့သရောက်မြို့မှာမြေသားမိုးရေလှောင်ကန်တွေ၊ရေကန်ကြီးရေကန်ငယ်အားလုံးကိုမှီခိုနေကြရတာမိုးမရွာသေးတော့သီးနှံစိုက်ခင်းတွေလည်းပျက်စီး ရေကန်တွေလည်းရေမ၀င်သေးဘဲ အိမ်မွေးတိရိစ္ဆာန်တွေ ရေအတွက် အတော်ကိုခက်ခဲကြတယ်။ဒီ ကန်မောက်ကြီးရေကန်ဆိုရင် ရေစီးရေလာအတော်လေးကောင်းတယ်။ မိုးမရွာလို့သာရေမ၀င်တာ'' ဟု ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် ကပြောပြသည်။

ကိုထိန်၊ငါ့သရောက်

No comments:

Post a Comment