Thursday, September 27, 2018

မောင်တောဒေသ၌ အသက်(၉ဝ)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်


Image may contain: 4 people, people sitting, child and outdoor
မောင်တော စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက မောင်တောဒေသရှိ အသက်(၉ဝ)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် (သို့)ဘိုးဘွားပင်စင် ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မောင်တောမြို့ပေါ် ရပ်ကွက်များ ရှိ အသက်(၉ဝ)နှစ်အထက် ဘိုးဘွားများအား ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်မှုကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မောင်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက အသက်(၉ဝ)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီး ဘိုးဘွားများ အား ကျန်းမာရေးနှင့်စပ်လျဉ်းသည့် အားပေး စကားများ ပြောကြားကြသည်။
ထိုသို့ အသက်(၉ဝ)နှစ်အထက် ဘိုးဘွား များအား လူမှုရေးပင်စင်(သို့) ဘိုးဘွားပင်စင် ပေးအပ်ခြင်းကို မောင်တောမြို့ မြို့မအနောက် ရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်၊ မြို့မအရှေ့ ရပ်ကွက်နှင့် လေးမိုင်ရပ်ကွက်များရှိ အသက် (၉ဝ)နှစ်အထက် ဘိုးဘွားများအား ပေးအပ် ခဲ့ပြီး ဆက်လက်၍ မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများမှ အသက်(၉ဝ)နှစ် အထက် ဘိုးဘွားများကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် သန်းခေါင်စာရင်းနှင့် စိစစ်ရေးကတ်ပြား မရှိသည့် ဘိုးဘွားများအတွက် ¤င်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် ရပ်မိရပ်ဖနှစ်ဦးတို့က ထောက်ခံချက် ပေးမှသာ လူမှုရေးပင်စင်(သို့) ဘိုးဘွား ပင်စင်ကို အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ မောင်တောမြို့နယ် တာဝန်ခံ ကိုကျော်အောင်စိန်က ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိပေးအပ် နေသော လူမှုရေးပင်စင်(သို့) ဘိုးဘွားပင်စင် ကို အသက်(၉ဝ)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ်အတွင်း အသက်(၈၅)နှစ်အထက် ဘိုးဘွား များကိုလည်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လူမှုရေးပင်စင်(သို့)ဘိုးဘွားပင်စင်သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ကာ မြန်မာတစ်နိုင်ငံလုံး လူမှုကာကွယ်စောင့် ရှောက်ရေးကို စီမံချက်၊ လုပ်ငန်းစဉ် ရှစ်ရပ် ရေးဆွဲပြီး လူမှုရေးပင်စင်ကို ထည့်သွင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- အေးမင်းသူ(ကြေးမုံ)

No comments:

Post a Comment