Wednesday, September 26, 2018

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြည်သူ့ဆန္ဒအမှန်ဖြစ်ရေးဆောင်ရွက်




Image may contain: one or more people, people on stage and indoor
မုံရွာ စက်တင်ဘာ ၂၅



 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည် လက်ခံသော ရွေးကောက်ပွဲဖြစ်မှုနှင့် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရေးဆိုသည့် စံ(၅)ချက်အပေါ် အခြေခံဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြား သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့် ဆင့်မှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အတွင်း ရေးမှူးများနှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ စက်တင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီက တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက စံ (၅) ချက်နှင့်ညီသည့် ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းသာမက ကော်မရှင် အ¸ခွဲအဆင့်ဆင့်မှ ကိုယ်စီကိုယ်စီ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းများ သည် ကော်မရှင်တစ်ခုတည်း ဆောင်ရွက်ရသည် မဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများနှင့် မဲဆန္ဒရှင် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်သည့် အခါတွင် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ အနေဖြင့် စေတနာ့ဝန်ထမ်းများဖြစ်သည့်အတွက် တိုင်းပြည်၏ အမျိုးသားရေးတာဝန်များအား တစ်ထောင့်တစ်နေရာမှ ပါဝင် ဆောင်ရွက်ပေးခြင်းကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြသည့် နေရာတွင် ရွေးကောက်ပွဲကော်မရှင်အ¸ခွဲများသည် အဖွဲ့ဝင် အသစ်များဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များနှင့်အညီ အဂတိကင်းကင်း၊ ဘက်လိုက်မှုကင်းကင်းနှင့် ပြည်သှူဆန္ဒ အမှန်ဖြစ်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အတူ ကြိုတင်မဲပေးခြင်း၊ မဲရုံများ၌ မဲပေးခြင်းလုပ်ငန်းစဉ်များ ကြီးကြပ် ဆောင်ရွက်သည့် ကိစ္စများနှင့်ရလဒ်များ ရေတွက်ခြင်း၊ ကပ်ထား ကြေညာခြင်း လုပ်ငန်းစဉ်များတွင်လည်း ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲရှိသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမရှိသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း နောင် ကျင်းပမည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးအောင်မျိုး လွင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲရှိသည့် ကော်မရှင်အဖွဲ့ခွဲ များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မရှိသည့် ရွေးကောက်ပွဲကော်မရှင်အ¸ခွဲများအနေဖြင့် လိုအပ်ချက်များ ကို ကူညီဆောင်ရွက်ကြရန်၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းòန် များအား သိရှိနားလည် သဘောပေါက်ရန်အတွက် ကြိုတင် လေ့လာပြင်ဆင်ထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment