Wednesday, September 26, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးရေးအဖွဲ့များနှင့်တွေ့ဆုံ ရနောင်းမြို့တွင် ကျင်းပသည့် ကြိုဆိုလက်ခံရေးနှင့် ပေါင်းစည်းရေးဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်





Image may contain: 6 people, people smiling, people standing and suit
 နေပြည်တော် စက်တင်ဘာ ၂၅


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီး၏ ဖိတ်ကြားချက်အရ ဗန်ကောက်မြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသောအဖွဲ့များနှင့် စက်တင်ဘာ ၂၂ ရက်က Emerald Hotel Panorama အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် မိသားစုဝင်များအား တက်အားသရွေ့ ကူညီစောင့်ရှောက်ပေး နေမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ နည်းမှန်လမ်းမှန် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ထိုင်းနိုင်ငံရှိ သံအရာရှိ ငါးဦးဖြင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ ယခင်က မြန်မာအလုပ်သမား အများစုသည် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက် လုပ်ကိုင်ခဲ့ရ၍ လူကုန်ကူးခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်းနှင့် အဓမ္မခိုင်းစေခြင်းများ ခံခဲ့ရကြောင်း၊ ယခုအချိန်တွင် MoU စနစ်ဖြင့် တရားဝင် စေလွှတ်ခဲ့မှုကြောင့် အလုပ်သမားအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ပိုမို ခံစားနေရကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ၏ ဦးဆောင်မှုဖြင့် မိမိသံအရာရှိများ၊ ဥပဒေအကြံပေးများ ထားရှိပြီး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မိမိလုပ်သားများအတွက် အခြေအနေကောင်းတစ်ရပ်ဖြစ်လာ ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရေလုပ်သားများအား အထောက်အထား ထုတ်ပေးနိုင်ရေးနှင့် တရားဝင်လုပ်ကိုင် စေရေး၊ ဥပဒေပါအခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှု များ အပြည့်အဝရရှိစေရေး၊ One Stop Service ဆောင်ရွက် ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် ကြိုဆိုလက်ခံရေးနှင့် ပေါင်းစည်း ရေးဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ တွင် မြန်မာအလုပ်သမားအများဆုံး လာရောက်လုပ်ကိုင်နေ သဖြင့် အလုပ်သမားရေးရာကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေလုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီး ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိစေရန် မြန်မာနိုင်ငံဘက်မှ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ရေလုပ်သားများ စေလွှတ်နိုင်ရေး ကော့သောင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားရုံး ဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေလုပ်သားများအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ ပြည်ပမထွက်ခွာမီ လုပ်ငန်းခွင်အကြို သင်တန်းပေးခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ MoUလုပ်ငန်းစဉ် ပိုမိုအောင်မြင်စေရေး၊ ပွဲစား များ မမှန်မကန် ဆောင်ရွက်နေသည့် နှစ်နိုင်ငံအေဂျင်စီများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသည့် အလုပ်ရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေလုပ်သားများ အန္တရာယ်ကြုံတွေ့ရပါက ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်သည့် ကူညီထောက်ပံ့ရေးဌာနများကို ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၂၂ ခုမှ လှေဆိပ်များတွင် ဖွင့်လှစ်ထားရန်လိုကြောင်း၊ မြန်မာဘာသာစကား တတ်ကျွမ်းသည့်ဝန်ထမ်းများကို ခန့်ထား ပေးရန်နှင့် ရေလုပ်သားများကို အခြားလုပ်သားများနည်းတူ တန်းတူအခွင့်အရေးပေးရန်လိုပြီး စာရွက်စာတမ်းအထောက် အထားများ ကိုင်ဆောင်ခွင့်၊ အာမခံထားရှိခွင့်၊ ဆေးကုသခွင့်၊ ခွင့်ခံစားခွင့်၊ ခရီးသွားလာခွင့် ရရှိစေရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကိစ္စနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပိုမိုပူးပေါင်း ဆောင်ရွက်ရန်လို ကြောင်းနှင့် One Stop Service Centerဖွင့်ပွဲအခမ်းအနား ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးနှင့် အတူ အလုပ်သမားòန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန သတင်းရဲတပ်¸ နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဘက်မှ အလုပ်သမားဝန်ကြီး၊ ရနောင်းမြို့တော်ဝန်၊ ထိုင်းနိုင်ငံ ရေလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment