Friday, September 28, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ ကျန်ဒိုင်ကွမ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုး

Image may contain: 2 people, people standing and indoor
ရန်ကုန်   စက်တင်ဘာ   ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်  ၁၁ နာရီက  ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းလမ်းရှိ ဗီယက်နမ် နိုင်ငံသံရုံးသို့    သွားရောက်၍    ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ၊   ပေါ်လစ်ဗျူရို   အမြဲတမ်းကော်မတီ အဖွဲ့ဝင်   မစ္စတာ   ကျန်ဒိုင်ကွမ်   ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း    မှတ်တမ်းတွင်    လက်မှတ်ရေးထိုး                          သည်။


ဟနွိုင်းဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ၊ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်  မစ္စတာ ကျန်ဒိုင်ကွမ်သည် ပြင်းထန်သည့်    အဖျားဒဏ်ကြောင့်  ဟနွိုင်းဆေးရုံတွင် စက်တင်ဘာ ၂၁ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ¤င်းသည် ၂ဝ၁၆  ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်  ခြင်းခံခဲ့ရပြီး  ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ရှိပြီဖြစ်      သည်။


ပူဆွေးသောကာလအဖြစ် သတ်မှတ်
သမ္မတ မစ္စတာ ကျန်ဒိုင်ကွမ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ  ဗီယက်နမ်နိုင်ငံသံရုံးတွင် စက်တင်ဘာ    ၂၆ နှင့်  ၂၇ ရက်များတွင်    ပူဆွေးသောကာလအဖြစ်      သတ်မှတ်ထားပြီး  ဝမ်းနည်းကြောင်း  မှတ်တမ်းလက်မှတ် ရေးထိုးလိုသူများအတွက်    ဖွင့်လှစ်ခဲ့ကြောင်း     သိရ                     သည်။

သတင်းစဉ် 

No comments:

Post a Comment