
အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အို အခွင့်အရေး ဆိုင်ရာ ညီလာခံ ဒုတိယနေ့ကို ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိFour Seasons ဟိုတယ်တွင် ဆက်လက် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ပါဝင်ဆွေးနွေးသည်။
အစည်းအဝေးတွင် အာရှ-ဥရောပ အဖွဲ့ဝင်နိုင်ငံများ အတွင်း သက်ကြီးရွယ်အိုများအား ရေရှည်စောင့်ရှောက်မှု၊ နိုင်ငံအလိုက်အရည်အသွေး၊ နည်းပညာ၊ နည်းစနစ်များ ပိုမိုကောင်းမွန်စေရေး၊ သက်ကြီးရွယ်အိုများအား လူမှု စီးပွားရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်ရရှိရေးတို့တွင် လျစ်လျူရှုခြင်းနှင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက် စေရေး၊ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သက်ကြီးရွယ်အိုများ ကိုယ်တိုင်နှင့် စောင့်ရှောက်ကူညီပေးသူများ သိရှိနားလည်စေရေး၊ASEM အဖွဲ့ဝင်နိုင်ငံများအချင်းချင်း သက်ကြီးရွယ်အို အခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း များ၊ သတင်းအချက်အလက်များ မျှဝေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများ သုတေသနပြု အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ အခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို ဦးတည်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များချမှတ်ကာ ညနေပိုင်းတွင် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကျင်းပသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း သက်ကြီးရွယ်အိုများ လူ့ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး၊ အခွင့်အရေးအပြည့် အဝရရှိနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် သက်ကြီးရွယ်အိုများအား ပစ်ပယ်ခြင်း၊ အသုံးချ စေခိုင်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းဆိုင်ရာများနှင့် ပတ်သက် သည့် သုတေသနလုပ်ငန်းများကို ASEM Global Ageing Centerနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment