Friday, August 31, 2018

ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP)က အကောင်အထည်ဖော်ဆောင် ရွက်မည့် တရားဥပဒေစိုးမိုးရေးအစီအစဉ်မိတ်ဆက်

Image may contain: one or more people and indoor
စစ်တွေ သြဂုတ် ၃ဝ
ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အကောင်အထည်ဖော်ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးအစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို သြဂုတ် ၂၉ ရက် နံနက် ၉ နာရီ
က စစ်တွေဟိုတယ်ခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က အကောင်အထည်ဖော်ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေး အစီအစဉ်မိတ်ဆက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်အခြေစိုက်ရုံးမှ Programma Advisor Mr.Joery Stahlhut က နှုတ်ခွန်းဆက်
စကား ပြောကြားသည်။
ထို့နောက် Program Manager ဦးစိုးမိုးကျော်က ဥပဒေအထောက်အကူပြုရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း၊ International Legal Foundation မှ ဒေါ်သိင်္ဂီထွန်းကဥပဒေပညာပေးအစီအစဉ်နှင့် မူဝါဒရေးရာကိစ္စရပ်များကိုလည်းကောင်း၊ ဥပဒေရေးရာကုစားရေးအဖွဲ့(စစ်တွေ)ရုံးမှ ဒေါ်မြတ်သူဇာက ရခိုင်ပြည် နယ် စစ်တွေမြို့တွင် ရုံးဖွင့်လှစ်ပြီး ယူနီဆက်နှင့် ပူးပေါင်း၍ ဥပဒေပညာပေးအစီအစဉ်နှင့် ဥပဒေ အထောက်အကူပြုအစီအစဉ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ Thazin Legal Aid Group မှ ဦးငြိမ်းချမ်းက ရခိုင်ပြည်နယ်အတွင်းရှိ လယ်ယာမြေဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်၍လည်းကောင်း အသီးသီးရှင်းလင်းပြော
ကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ယင်းနောက် UNDP မှ Chief Technical Advisor Mr.Scolt Ciment က မေးမြန်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ယဉ်ယဉ်လှ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊
ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေရေးရာကုစားရေးအဖွဲ့ (စစ်တွေ) ရုံးခွဲမှ တာဝန်ရှိသူများ၊ စစ်တွေရှေ့နေအသင်းမှ တာဝန်ရှိသူများ၊ ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (စစ်တွေ)မှ တာဝန်ရှိသူများ၊ UNDP ရန်ကုန်အခြေစိုက်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment