Friday, August 31, 2018

ဘရက်ပစ်နဲ့ လမ်းခွဲပြီးနောက် ကိုယ်အလေးချိန်၇၉ ပေါင်သာရှိတော့တဲ့အန်ဂျလီနာဂျိုလီ

Image may contain: 1 person, smiling, standing and shoes
=======================
ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီဟာ ဘရက်ပစ်နဲ့ တရားဝင် ကွာရှင်းပြတ်စဲကြဖို့ ဆောင်ရွက်ချိန် ကစလို့ ကိုယ်အလေးချိန် လျော့ကျ လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို တစ်စတစ်စ ကိုယ်အလေးချိန်ကျလာ ခဲ့ရင်းက လက်ရှိမှာတော့ ၇၉ ပေါင်သာရှိတော့တာ ဖြစ်ကြောင်း ဟောလိဝုဒ် လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါ တယ်။
လတ်တလောမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုလီဟာ ဘရက်ပစ်နဲ့ ကွာရှင်းဖို့ရာ ကြိုးပမ်း နေချိန်မှာ သူတို့နှစ်ဦးရဲ့ ရင်သွေးလေးတွေကိုလည်း သူနဲ့အတူ ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါ တယ်။ ကလေးခြောက်ယောက်ကို စောင့်ရှောက်နေရတာဖြစ်ပြီး ကလေး တွေကို တစ်ဦးတည်းစောင့်ရှောက်ခွင့် ရစေဖို့အတွက် တရားရုံးမှာ လျှောက်ထားတဲ့ အန်ဂျလီနာဂျိုလီဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဘရက်ပစ်က ကလေးတွေကို ပူးပေါင်းစောင့်ရှောက်လိုတာ ဖြစ်ပေမယ့် အန်ဂျလီနာဂျိုလီကတော့ တစ်ဦးတည်း စောင့်ရှောက်ခွင့်ရလိုတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တနှစ်ပတ်ခန့်က တရားခွင်မှာ အန်ဂျလီနာဂျိုလီက ဘရက်ပစ်ဟာ ကလေးတွေအတွက် ထောက်ပံ့ကြေး ပေးဆောင်ဖို့ရာ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါကို ဘရက်ပစ်ဘက် က ချက်ချင်းတုံ့ပြန်ခဲ့ပြီး မင်းသားက သူဟာလမ်းခွဲပြီးချိန်မှစလို့ လက်ရှိအချိန် အထိ အမေရိကန် ဒေါ်လာကိုးသန်းကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment