Wednesday, August 1, 2018

မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား U-25 ကလပ်အသင်းများအလိုက် ဖူဆယ်ပြိုင်ပွဲဆုပေးပွဲကျင်းပ

Image may contain: 3 people, people standing and outdoor
ကလေး ၊ သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့နယ်အလိုက်အားကစားဖွံ့ဖြိုး တိုးတက် ရေးအတွက်အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ၂၀၁၈ ခုနှစ် မြို့ နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်း(Township Sport Development Programme-TSDP) အစီအစဉ်အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားအသက်(၂၅)နှစ်အောက်ကလပ်အသင်းများအလိုက် ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲကိုဇူလိုင် ၃၁ ရက် ညနေ ၄ နာရီက ကလေးမြို့ တာဟန်းရပ်ကွက် J-CROWN ဖူဆယ်ကွင်း၌ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင် ၂၅ ရက်မှစတင်ကာ ပြိုင်ပွဲဝင်အသင်းပေါင်းခြောက်သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ပထမဆုရ Fuso Fighterအသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးညီညီကလည်းကောင်း၊ ပထမဆုရတစ်ဦးချင်းဆွဲပြားဆုများနှင့် ငွေသား ဆုကျပ်၁၅၀၀၀၀ ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးကျော်သူကလည်းကောင်း၊ဒုတိယဆုရ ကလေး မြို့နယ် C.K.F.C အသင်းအား တစ်ဦးချင်းဆွဲပြားဆုများနှင့်ငွေသားဆုကျပ် ၁၀၀၀၀၀ ကို မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာနမြို့နယ်အားကစားမှူး ဦးကြုံဒေါင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇိုဟေဆာ

No comments:

Post a Comment