Wednesday, August 1, 2018

မြောင်းမြ၌ "လူငယ်နှင်ပရဟိတ"ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကျင်းပ

Image may contain: 8 people, people sitting and indoor
မြောင်းမြ ၊ သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့ ၊ မဟာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် လူငယ်နှင့်ပရဟိတ ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကိုဇူလိုင် ၃၁ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးကအဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်း ၊မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးလွင် ၊မဟာကိုယ်ပိုင်အထက်တန်းကျောင်းတာဝန်ခံ ဒေါ်နုနုယဉ် ၊အေးမြဖြူစင်သွေးအလှူရှင်အသင်းမှ ဆရာတော် အရှင်ဝဏ္ဏသီရိ ၊ရတနာ့မေတ္တာအဖွဲ့မှ ဒေါ်စောမြတ်မွန်၊Book Club ဥက္ကဌ စာရေးဆရာဦးဇော်မျိုးထွန်းတို့က "လူငယ်နှင်ပရဟိတစိတ်ထား"l "မီးသတ်တပ်ဖွဲ့နှင့်လူမှုကယ်ဆယ်ရေးလုပ်ငန်းများ"l "ပညာသင်ကြားရေးနှင့်ပရဟိတလုပ်ငန်း"၊"လူငယ်နှင့်ပရဟိတလုပ်ငန်းများအကြောင်း" ၊ "လူငယ်နှင့် အသိပညာ" ခေါင်းစဉ်မျာဖြင့်ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ဟောပြောဆွေးနွေးမှုများပြုလုပ်ကြကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်သူစကားဝိုင်းသို့ ကျောင်းသား၊ကျောင်းသူများနှင့်စိတ်ပါဝင်စားသူစုစုပေါင်း၃၆၀ ဦးတက်ရောက်ခဲ့ပြီးပြည်သူ့စကားဝိုင်းကျင်းပမှုမှာ ယခုအကြိမ်သည် စတုတ္တမြောက်အကြိမ်ဖြစ်ကာ စဉ်ဆက်မပြတ်ပြည်သူ့စကားဝိုင်းများကိုကျင်းပသွားမည်ဖြစ်ကြောင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှသိရသည်။
အောင်မင်း (မြောင်းမြ)

No comments:

Post a Comment