Wednesday, August 1, 2018

ညောင်တုန်းမြို့၌(၃၅)ကြိမ်မြောက်ဗုဒ္ဒဘာသာယဉ်ကျေးမှုကျင့်ဝတ်စာမေးပွဲနှင့်အခြေခံအဘိဓမ္မာဘာသာထူးချွန်အောင်မြင်သူများအားဂုဏ်ပြု

Image may contain: one or more people and crowd
ညောင်တုန်း ၊ဇူလိုင်(၃၁)
ညောင်တုန်းမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းအသီးသီးမှကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များတွင်လိမ္မာရေးခြားရှိစေရန်အတွက်မြို့နယ်သံဃမဟာနာယကအဖွဲ့မှကြီးမှူး၍အခြေခံဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးလိမ္မာသင်တန်းနှင့်အကြိမ်(၃၅)ကြိမ်မြောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအခြေခံအဘိဓမ္မာဘာသာနှင့်ယဉ်ကျေးမှုကျင့်ဝတ်ဘာသာစာမေးပွဲတွင်ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သူများအားဆုချီးမြှင့်ခြင်းအခမ်းအနားကိုဇူလိုင်(၃၁)ရက်နေ့ကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းလှိုင်ပညာခန်းမ၌ကျင်းပကြောင်းသိရသည်။
ဆက်လက်၍ဗုဒ္ဓဘာသာယဉ်ကျေးမှုကျင့်ဝတ်/မြန်မာစာဘာသာ/အခြေခံအဘိဓမ္မာဘာသာရပ်၌ထူးချွန်စွာဂုဏ်ထူးများဖြင့်အောင်မြင်သူကျောင်းသား/သူ(၁၅)ဦးအားစက်ဘီး၊ဂုဏ်ပြုဆုများဖြင့်လည်းကောင်း၊ပထမ၊ဒုတိယ၊တတိယဆုများနှင့်ဂုဏ်ပြုအထူးဆုများကိုမြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများကပေးအပ်ချီးမြှင့်သည်။ထို့နောက်မြို့နယ်ပညာရေးမှူးဒေါ်ညွန့်ညွန့်ဌေးကအခြေခံပညာကျောင်းအသီးသီးမှကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များတွင်လိမ္မာရေးခြား ရှိစေရန်အတွက်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ရှင်းလင်းပြောကြားသည်။
ထို့နောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုကျင့်ဝတ်စာမေးပွဲကျင်းပခြင်းဆိုင်ရာလုပ်ငန်းများကိုဆရာကြီးဦးယဉ်ထွေးကရှင်းလင်းတင်ပြသည်။
အခြေခံအဘိဓမ္မာဘာသာရပ်တွင်ဂုဏ်ထူးဖြင့်အောင်မြင်သူ(၃)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၂၅)ဦး၊ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်တွင်ဂုဏ်ထူးဖြင့်အောင်မြင်သူ(၁၈)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၁၉၁)ဦး၊ မြန်မာစာဘာသာရပ်တွင်ဂုဏ်ထူးဖြင့်အောင်မြင်သူ(၁၁)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၂၆)ဦးအသီးသီးဖြေဆိုအောင်မြင်ကြောင်းသိရသည်။
ထွန်းကျော်(ညောင်တုန်း)

No comments:

Post a Comment