Wednesday, August 1, 2018

ပည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Panna Institute ၏ အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံ

Image may contain: 5 people, people sitting and indoor
နေပြည်တော် ဇူလိုင် ၃၁
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လွှတ်တော်များဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌဦးထွန်းထွန်းဟိန်သည် Panna Institute ၏ အမှုဆောင်အရာရှိချုပ် ဦးဖေအောင်ဇင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Panna Institute အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အိုင်တီ နည်းပညာအသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှု မီဒီယာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့ ဆက်ဆံရေးကဏ္ဍ၊ ပြည်သူနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင် ရေးဆိုင်ရာသတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပလက်ဖောင်း (ICT-Information and Communi-cation Technology Platform) စသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
သတင်းစဉ်

No comments:

Post a Comment