Wednesday, August 1, 2018

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

Image may contain: 2 people, people standing and outdoor

နေပြည်တော် ဇူလိုင် ၃၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂ဝ၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
စိုက်ပျိုးပေး
ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များက ရတနာတန်းဝင် ကျွန်းပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးခဲ့ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် အရာထမ်း၊ အမှုထမ်းများက ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ စိန်ပန်း၊ ချယ်ရီပင် များကို စုပေါင်းစိုက်ပျိုးကြရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂ဝ၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ စိန်ပန်း၊ ချယ်ရီ စသည့်အပင်ပေါင်း ၅ဝဝ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment