Thursday, August 2, 2018

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government Central Control Room(CCR)ဖွင့်ပွဲ ကျင်းပ

Image may contain: 23 people, people sitting and indoor
မကွေး သြဂုတ် ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government Central Control Room(CCR) ဖွင့်ပွဲ နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ website (beta version) စမ်းသပ်လွှင့်တင်ပွဲ အခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီက ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး e-Government လုပ်ငန်း၊ နည်းပညာ အကြံပေးပညာရှင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ''ခုဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ e-Government Central Control Room ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီဖြစ်တယ်၊e-Government စနစ်သာရှိရင် ဒေသရဲ့စီမံအုပ်ချုပ်မှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူ့ဝန်ဆောင်ပေးမှု ကိစ္စအဝဝတို့ဟာ တိုးတက်မြန်ဆန် မှန်ကန်မှုပို၍ ရရှိလာမှာဖြစ်ပြီး တိုင်းဒေသကြီးတစ်ခုလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်မယ့် အတွေ့အကြုံအလေ့အကျင့်ကောင်းများ ရရှိမှာဖြစ်ပါတယ်'' ဟု ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ Website
(Beta Version)ကို http://magwaygov.orgလိပ်စာဖြင့် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး မကြာမီ ပိုမို
ပြည့်စုံသည့် websiteကို တရားဝင်ထုတ်လွှင့်နိုင် မည်ဖြစ်ကြောင်း သိရသည်။ စမ်းသပ်ဆဲကာလတွင် နောက်ဆုံးရသတင်းများ၊ သတင်းထုတ်ပြန်ချက် များနှင့် ဝန်ဆောင်မှု ၁၇ မျိုးကို ကြည့်ရှုရယူနိုင်မည်
ဖြစ်သည်။
စမ်းသပ်ဆဲ ဝန်ဆောင်မှုလုပ်ငန်း ၁၇ မျိုးအတွက် Application Form များကိုသာ ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး သက်ဆိုင်ရာသို့ ပြည်သူများက တိုက်ရိုက်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်သည်။ e-Government လုပ်ငန်းစဉ်များ ထပ်မံဖြည့်စွက် ဆောင်ရွက်ပြီးနောက် Mobile Phone Application သို့မဟုတ် website မှတစ်ဆင့် ဝန်ဆောင်မှုများကို Online a ပေါ်မှ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment