Thursday, August 2, 2018

တောင်ဥက္ကလာပမြို့နယ်တွင် မော်တော်ယာဉ်အသုံးပြုလုယက်သူများကို ဖမ်းဆီးရမိ

Image may contain: one or more people
ရန်ကုန် သြဂုတ် ၁
တောင်ဥက္ကလာပမြို့နယ်တွင် အိမ်စီးကားအသုံးပြု၍ လုယက်မှုကျူးလွန်သူနှစ်ဦး ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဇူလိုင်လ တတိယပတ်က တောင်ဥက္ကလာပမြို့နယ်နေ အမျိုးသမီးဆရာဝန်တစ်ဦးသည် ဗဟိုအမျိုးသမီး ဆေးရုံသို့သွားရန် အမျိုးသား တစ်ဦးမောင်းနှင်လာသည့် အိမ်စီးကားကိုငှားပြီး လိုက်ပါလာခဲ့ရာ တောင်ဥက္ကလာပမြို့နယ်(၃)ရပ်ကွက် ၁၃ လမ်းအရောက်တွင် ကားရပ်ပြီး ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးက ဆရာဝန်အမျိုးသမီးထံမှ ကျောက်စိမ်း လော့ကတ်သီးပါ ရွှေဆွဲကြိုးတစ်ကုံး၊ စိန်နားကပ်တစ်ရန်၊OPPO နှင့် ဆမ်ဆောင်းလက်ကိုင်ဖုန်းနှစ်လုံး၊ ငွေကျပ်ငါးသောင်းပါ ပိုက်ဆံအိတ်တစ်လုံး တို့ကို ယူဆောင်မောင်းနှင်ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်းက အရေးယူဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ဇူလိုင် ၃၁ ရက်တွင် သူရကိုကိုသန်း(ခ) အငယ်ကောင် ၃၄ နှစ်နှင့် မဇာဇာလင်းမိုး ၂၄ နှစ်တို့ကို လုယက်ယူဆောင်ခဲ့သည့် ဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ ကျိုက်ထိုမြို့ရှိ တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့ သည်။ ၎င်းတို့အား အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေး လျက်ရှိပြီး လုယက်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment