Thursday, August 2, 2018

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးဝင်းအတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ် သရုပ်ပြ

Image may contain: 3 people
မုံရွာ သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တွဲဖက်
အသုံးပြုနိုင်သည့် ပိုလန်နိုင်ငံထုတ် အလတ်စားမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ
ကယ်ဆယ်ရေးတွဲဖက်သုံးယာဉ် စွမ်းရည်ပြရှင်းလင်းပွဲကို ကျင်းပသည်။
''မြန်မာနိုင်ငံမှာ ဟိုတုန်းကတည်းက မီးငြှိမ်းသတ်ရေးစနစ်နဲ့ အသက်ကယ်
ဆယ်ရေးစနစ်ကို တွဲပြီးမလုပ်နိုင်ခဲ့ဘူး၊ စက်ပစ္စည်းကလည်း မရှိခဲ့ဘူး၊ အခု
နောက်ပိုင်းမှာ မီးငြှိမ်းသတ်ရေးနဲ့ အသက်ကယ်ဆယ်ရေးစနစ်ကို တွဲလုပ်
နိုင်တဲ့ စက်ပစ္စည်းကို အာမခံရှိတာတွေကိုဝယ်ပါဆိုပြီး နိုင်ငံတော်ကညွှန်ကြားတဲ့အတွက် ဌာနကဝယ်ခဲ့ခြင်းဖြစ်ပါတယ်၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီစက်ပစ္စည်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ဖို့ လေ့ကျင့်ပြင်ဆင်ထားပါတယ်'' ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းစမ်းအေးက ပြောသည်။
သရုပ်ပြရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်
နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးက အလတ်စားမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး တွဲဖက်သုံးယာဉ်တွင်ပါဝင်သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်ပစ္စည်းများကို ရှင်းလင်းပြောကြားပြီး မီးငြှိမ်းသတ်သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment