Friday, August 31, 2018

မန္တလေးခရိုင် Community Centre တွင် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက်(၁/၂၀၁၄) အား ရှင်းလင်းပွဲကျင်းပ

Image may contain: 1 person, indoor
မန္တလေး သြဂုတ် ၃၁
ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက်(၁/၂၀၁၄)အား ရှင်းလင်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ မန္တလေးခရိုင် Community Centre သင်တန်းခန်းမတွင် ယနေ့ နံနက်၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးကျော်သန်း က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပြီးစီးမှုအခြေအနေအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်မောင်ကြည် က နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်များအတွက် ကျင့်ဝတ် အား ရှင်းလင်းပြောကြားသည်။
ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက်(၁/၂၀၁၄) အား ရှင်းလင်းပြောကြားသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ၃ ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် မန္တလေးတိုင်း ဒေသကြီး အတွင်း မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်၊သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)နှင့် ရှမ်းတိုင်း ရင်းသားလူမျိုး မဲဆန္ဒနယ်(မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး)များ လစ်လပ်လျက်ရှိပြီး အဆိုပါ ကြားဖြတ် ရွေးကော်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment