Friday, August 31, 2018

နမ္မတီး၌ ကွင်းဆက်ဖော်ထုတ်မှုအရ ဆိုင်ကယ် ၁၄ စီး ခိုးယူမှု ထပ်မံပေါ်ပေါက်

Image may contain: motorcycle and outdoor
နမ္မတီး ဩဂုတ် ၃၁
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ ဩဂုတ်၃၀ရက် ညနေ၆နာရီက ဆိုင်ကယ်ခိုးယူမှု ကွင်းဆက်ဖော်ထုတ်မှုအရ ဆိုင်ကယ် ၁၄ စီး ခိုးယူမှုထပ်မံပေါ်ပေါက်ခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ နမ္မတီးမြို့တွင် ဆိုင်ကယ်များ မကြာခဏပျောက်ဆုံးနေခြင်းကြောင့် နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်၏ စီစဉ်ညွှန်ကြားမှုဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိရာ နမ္မတီးနယ်မြေရဲစခန်း၌ ဆိုင်ကယ်ခိုးမှုဖြင့် ထိန်းသိမ်းထားသည့် ဂျေမောင်မောင်(၃၀)နှစ်၊မြတ်အောင်(၃၂)နှစ်တို့၏ ကွင်းဆက်ဖော်ထုတ်မှုအရ ဩဂုတ် ၃၀ ရက်က အဆိုပါဆိုင်ကယ်များ ရောင်းချထားသည့်နေရာများ၌ လိုက်လံသိမ်းဆည်းခဲ့ရာ စုစုပေါင်း ဆိုင်ကယ် ၁၄ စီးအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment