Thursday, August 2, 2018

မြန်မာ-အိန္ဒိယ နယ်စပ် ဝင်၊ ထွက်ပေါက်အားBorder Pass စနစ်ဖြင့် ခွင့်ပြုပေးတော့မည်

Image may contain: one or more people, sky and outdoor
ရိခေါဒါရ် သြဂုတ် ၁
ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ် ဝင်၊ ထွက်ပေါက်အား Border Passစနစ်ဖြင့် ဖြတ်သန်း သွားလာခွင့်ပြုနိုင်ရေး အတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံမှ ပြီးခဲ့သည့် မေ ၁ဝ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး သြဂုတ် ၈ ရက်တွင် မြန်မာ-အိန္ဒိယ နိုင်ငံတကာ နယ်စပ် ဝင်၊ ထွက်ပေါက် ဖွင့်ပွဲအခမ်း အနား ပြုလုပ်သွားရန် စီစဉ်ထား ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲ ကျင်းပပြီးစီးပါက Border Pass Permit စနစ်နှစ်မျိုး ဖြစ်သည့် BP (Border Pass)စနစ်နှင့်TBP (Temporary Border Pass)စနစ်ဖြင့် ဖြတ်သန်းသွားလာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီးBP စနစ် ဖြင့် ဖလမ်းခရိုင်အတွင်း ၁၄ ရက် ၁၃ ညအိပ်ခွင့်ဖြင့် လည်းကောင်း၊TBP စနစ်ဖြင့် ခုနစ်ရက် ခြောက်ည အိပ်ခွင့်ဖြင့် ဖလမ်းခရိုင်အတွင်း ဝင်၊ ထွက် သွားလာခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာ ဝင်၊ ထွက်ပေါက်တစ်ခုအဖြစ်လည်း အသုံး ပြုနိုင်တော့မည်ဖြစ်ကြောင်း ရိခေါဒါရ် မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးတေဇာလင်းထံမှ သိရသည်။
လက်ရှိအခြေအနေ၌ နယ်စပ် တံတား ဖြတ်သန်းသွားလာခွင့်ကို တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မှ ရိဒ်ရေကန်အပန်းဖြေလေ့လာရေးခရီးအား နေ့ချင်းပြန် ဝင်၊ ထွက်သွား လာခွင့်ဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ရိခေါဒါရ် (ပြန်/ဆက်)

No comments:

Post a Comment