Thursday, August 2, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

Image may contain: 1 person, sitting and table
နေပြည်တော် သြဂုတ် ၁
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ရင်း မှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က မြန်မာနိုင်ငံဘက်ခြမ်း မောင်တောမြို့ အမှတ်(၁) ဝင်၊ ထွက်စစ်ဆေးရေးစခန်းရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး နေမျိုးသူ ဦးစီး ၁ဝ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၂)နယ်ခြားစောင့်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Md. Asadud-Zaman Chowdhury ဦးစီး ၁ဝ ဦးတို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အခြေအနေများကို သတင်းဖလှယ်၍ ကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးလုပ်ငန်းများကို ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် ARSAလှုပ်ရှားမှုများနှင့်ပတ်သက်၍ ရရှိသောသတင်းများကို ဖလှယ်၍ အတည်ပြုစုံစမ်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်၊ သတင်းအချက် အလက်များ ဖလှယ်ရာတွင် ခိုင်လုံတိကျသော သတင်းများ ပေးပို့နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများနှင့် ပတ်သက်သော ကိစ္စရပ်များ၊ အလံတင်အစည်းအဝေးများ ပုံမှန်ဆောင်ရွက် သွားရန်ကိစ္စများနှင့် နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်း ဆောင်ရွက်မည့် အစီအမံတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment