Thursday, August 2, 2018

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂ဝ၁၇ နှင့် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် ထုတ်လွှင့်ကြောင်းကြေညာခြင်း အခမ်းအနားကျင်းပ

Image may contain: one or more people
ရန်ကုန် သြဂုတ် ၁
ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအတွက် အခြေခံကျသည့် ဥပဒေမူဘောင် တစ်ခုဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂ဝ၁၇ သည် သြဂုတ် ၁ ရက်တွင် စတင်အာဏာတည်မည်ဖြစ်သဖြင့် ယင်းဥပဒေအာဏာစတင်တည်မည့် အထိမ်းအမှတ် ကြေညာခြင်းအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာ အရာရှိများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေ အကျိုးဆောင်များနှင့် မီဒီယာများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည် စီးပွားရေးကဏ္ဍတစ်ခုလုံးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းလာမည့် ဥပဒေဆိုင်ရာပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီများ အတွက် လုပ်သာကိုင်သာရှိမှုနှင့် ဥပဒေကိုလိုက်နာရမည့် ဝန်ထုပ်ဝန်ပိုးများမဖြစ်အောင် ရည်ရွယ်ပြင်ဆင်ထားခြင်း ကြောင့် ကုမ္ပဏီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍအခြေခံကျသော ဥပဒေတစ်ခုကျင့်သုံးနိုင်ရန်နှင့် အီလက် ထရွန်နစ် မှတ်ပုံတင်စနစ် အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးပါသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို မှတ်တမ်းတင်အပ်ကြောင်း၊ ဤကုမ္ပဏီမှတ်ပုံတင်စနစ်သစ် ကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ရှိသော ဆက်စပ်အစိုးရဌာန အဖွဲ့အစည်းများနှင့်လည်း ပိုမိုညှိနှိုင်းဆောင်ရွက်၍ စီးပွားရေးဝန်းကျင်တစ်ခုလုံး ချောမွေ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာ နိုင်ငံ ကုမ္ပဏီများဥပဒေ ၂ဝ၁၇ သည် ပွင့်လင်းမြင်သာမှုကို အခြေခံထားပြီး ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းစဉ်များနှင့် ဥပဒေကို လိုက်နာဆောင်ရွက်ရသောကုမ္ပဏီများ အတွက် လွယ်ကူသက်သာစေရန် ဆောင်ရွက်ပေးထား ကြောင်း၊ ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက် ရာတွင် မူဝါဒအရပြောင်းလဲဆောင်ရွက်ခြင်းများအပြင် လုပ်ငန်းစဉ်များဆိုင်ရာပြောင်းလဲမှုများအတွက် မြန်မာ နိုင်ငံ ကုမ္ပဏီများဥပဒေတွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ထူးခြားပြောင်းလဲမှုများ သည် စီးပွားရေးအဖွဲ့အစည်းများအတွက် အခွင့်အလမ်း များ ပိုမိုရရှိအောင် လမ်းဖွင့်ပေးထားခြင်းဖြစ်ကြောင်း၊ အခွင့်အလမ်းများကို အမိအရဖမ်းဆုပ်နိုင်ရန် တိုက်တွန်း လိုပါကြောင်း၊ ဥပဒေအရ ကုမ္ပဏီများအပေါ် ကြီးကြပ် ဆောင်ရွက်ရာတွင် ယနေ့ခေတ်နည်းပညာ အထောက် အပံ့ဖြင့် ဆောင်ရွက်ထားသဖြင့် လိုက်နာသူများဘက်မှ လွယ်ကူသလို ကြီးကြပ်ဆောင်ရွက်သူများဘက်မှ သေချာ မှုကို ရရှိစေမည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ်သည် နိုင်ငံ တကာအလေ့အထတစ်ခုဖြစ်သဖြင့် လိုက်နာဆောင်ရွက်သူ များအဖို့ အကျွမ်းတဝင်ရှိမည်ဖြစ်ကြောင်း၊ ဥပဒေသစ် အရ နိုင်ငံခြားငွေအရင်းအနှီးများ ပိုမိုထည့်ဝင်နိုင်အောင် လမ်းဖွင့်ပေးထားခြင်းကြောင့်လည်း နိုင်ငံသားများနှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထကောင်းများမှ တစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန် ကောင်းတစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအလေ့အထကောင်းများ ပါဝင် ခြင်း၊ ဥပဒေအရ ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ တာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တာဝန်ရှိမှုများကိုရှင်းလင်းလွယ်ကူစွာဆောင်ရွက်ထားသဖြင့် အနာဂတ်မြန်မာနိုင်ငံစီးပွားရေးဝန်းကျင်တစ်ခုလုံးသည် နည်းမှန်လမ်းမှန်ဖြင့် အောင်မြင် တိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် အစီအစဉ်အရ ညွှန်ကြားရေးမှူး ဦးမျိုးမင်း က အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် MyCO နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို သရုပ်ပြ ရှင်းလင်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment