Wednesday, August 1, 2018

စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Image may contain: 3 people, people standing and text
နေပြည်တော် ဇူလိုင် ၃၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ စီးပွားရေးရာနှင့် အလုပ် အကိုင်ရေးရာ ဝန်ကြီးဌာနတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန် လွှာ လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ဇူလိုင် ၃ဝ ရက် ညနေ ၄ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
နားလည်မှု စာချွန်လွှာအား ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဖင်လန်နိုင်ငံ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာန ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu တို့က လက်မှတ် ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာ နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့အကြား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် သန့်စင်သော စွမ်းအင်အရင်းအမြစ် များကို အသုံးချ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စီမံခန့်ခွဲ ခြင်းတို့နှင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး နယ်ပယ်ကဏ္ဍတို့ တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment