Wednesday, August 1, 2018

အီရန်ခေါင်းဆောင်များနှင့် အချိန်မရွေး လွတ်လပ်စွာ ဆွေးနွေးလိုကြောင်း သမ္မတထရန့်ကမ်းလှမ်း

Image may contain: 2 people, people standing and suit
ဝါရှင်တန် ဇူလိုင် ၃၁
မိမိသည် ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ အီရန်ခေါင်းဆောင်များနှင့် အချိန်မရွေး တွေ့ဆုံ ဆွေးနွေးရန်လိုလားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် အီရန်ခေါင်းဆောင်များအကြား အပြန်အလှန်နှုတ်လှန်ထိုးပြောဆိုမှု ပြုလုပ်ခဲ့ကြပြီးနောက် ရက်သတ္တ တစ်ပတ်အကြာတွင် သမ္မတ ထရန့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
အကယ်၍ အီရန်ခေါင်းဆောင်များက မိမိအား တွေ့ဆုံလိုပါက ¤င်းတို့နှင့် မိမိတွေ့ဆုံမည် ဖြစ်ကြောင်း သမ္မတ ထရန့်က အီတလီဝန်ကြီးချုပ် ဂူစီပေးကွန်တေးနှင့်အတူ အိမ်ဖြူတော်၌ ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ကြိုတင်စည်းကမ်းကန့်သတ်ချက်များ မထားရှိဘဲ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် မိမိတွေ့ဆုံဆွေးနွေးနိုင်ကြောင်း၊ ယင်းသို့ဆွေးနွေးခြင်းဖြင့် မိမိ၏နိုင်ငံလည်းအကျိုးရှိ၊ ၄င်းတို့၏နိုင်ငံလည်း အကျိုးရှိမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းမှုအတွက်လည်း အကျိုးပြုမည်ဖြစ်ကြောင်း သမ္မတထရန့်က ပြောကြားသည်။
အီရန်သမ္မတရိုဟာနီသည် လွန်ခဲ့သည့်ရက်သတ္တပတ်က အမေရိကန်ပြည်ထောင်စုအား ရန်စလှုံ့ဆော်မှုသဘောပါဝင်သော သတိပေးစကားကို မြွက်ကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ခြင်္သေ့အမြီးနှင့်အတူ ဆော့ကစားခြင်း မပြုသင့်ကြောင်း၊ အမေရိကန်သည် အီရန်နှင့် တစ်စုံတစ်ရာပဋိပက္ခဖြစ်ပွားလာမည်ဆိုပါက ယင်းပဋိပက္ခသည် စစ်ပွဲအားလုံး၏ မိခင်စစ်ပွဲအဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း သမ္မတရိုဟာနီက ပြောကြားခဲ့သည်ဆို၏။
အီရန်နိုင်ငံ၏အဏုမြူဗုံးသုတေသနထုတ်လုပ်မှုအစီအစဉ် အဆုံးသတ်စေရေးအတွက် ၂ဝ၁၅ ခုနှစ်တွင် ရရှိခဲ့သော သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့ရခြင်းသည် သဘော တူညီချက်တွင် အပြစ်အနာအဆာ ချွတ်ယွင်းချက်များပါရှိနေခြင်းကြောင့်ဖြစ်ကြောင်း သမ္မတ ထရန့်က ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment