Wednesday, August 1, 2018

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

Image may contain: 5 people, people sitting, people standing, table and indoor
နေပြည်တော် ဇူလိုင် ၃၁
လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင် သောဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများ စုစုပေါင်း ၄၆ ဦးတက်ရောက်ခဲ့ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာ အကွယ်ပေးရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment