Wednesday, August 1, 2018

ဘားအံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် ကျေးရွာများအား သောက်ရေသန့်နှင့်စာရိက္ခာများ သွားရောက်ထောက်ပံ့

Image may contain: 13 people, people smiling, crowd and outdoor
ဘားအံ ၊ သြဂုတ်၁
ကရင်ပြည်နယ်တွင် မြို့နယ်(၆)မြို့နယ်ရေကြီးနစ်မြုပ်လျှက်ရှိပြီး ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း(၁၆)ခု၊ အိမ်ထောင်စု(၂၀၈၀)ကျော်၊လူဦးရေ(၁၀၅၀၀)ကျော်ခန့်နှင့် အချို့ကျေးရွာများတွင် ရေဘေးစခန်း မလိုအပ် သေးပဲ ရေကြီးနစ်မြုပ်ခံနေရသော ကျေးရွာများလည်းရှိနေ၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ စေတနာရှင်များ၊ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်များက စာရိက္ခာများ၊ သောက်ရေသန့်၊ ဆေးဝါးများစသည့် ကယ်ဆယ်ရေးပစ္စည်းများဖြင့် ၀ိုင်းဝန်းကူညီထောက်ပံ့လျှက်ရှိရာ ဇူလိုင်(၃၁) ရက်နေ့၊ ညနေ(၃)နာရီခန့်က သံလွင်မြစ်ကမ်းဘေးရှိ ရေကြီးနစ်မြုပ်သည့် ကျေးရွာများအား ကရင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ဝေဠုကျော်ဖောင်ဒေရှင်းတို့ ပူးပေါင်းကာ သောက်ရေသန့်နှင့်စာရိက္ခာများ သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ဘားအံမြို့သံလွင်မြစ်ဘေးတွင် မိုးရွာသွန်မှုများပြားပြီးသံလွင်မြစ်ရေ မြင့်တက်လာကာတစ်ပတ်ကျော်ခန့် ကျေးရွာ အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ဘားကပ်ကျေးရွာရှိ အိမ်ခြေ(၁၀၀)နှင့် ကော့ဂွန်းကျေးရွာအိမ်ခြေ(၁၃၀)တို့အား သောက်ရေသန့်ဗူးများ၊စာရိတ်က္ခာများဖြစ်သည့်ဆန်၊ဆီ၊ငါးသတ္တာနှင့် အသင့်စားခေါက်ဆွဲခြောက်များကို ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ပရဟိတကူညီကြသည့် လူငယ်များနှင့် ဝေဠုကျော် ဖောင်ဒေရှင်းမှ ကိုဝေဠုကျော်ဦးဆောင်သောအဖွဲ့များသည် အိမ်ထောင်စုအလိုက် တစ်အိမ်တက်ဆင်း လိုက်လံ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အလားတူ ယင်းနေ့နံနက်ပိုင်းက ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ရွာ၊ ကျုံပိုက်ရွာနှင့် တောင်ကြားကျေးရွာ တို့တွင် ရေကြီးနစ်မြုပ်နေသည့် အိမ်ခြတို့အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့က ရေသန့်(၃၀၀)ကဒ်၊ ခေါက်ဆွဲ ကြော်ထုပ်(၈၀၀)ထုပ်၊ ခေါက်ဆွဲခြောက်ဖာကြီး(၅)ဖာ ကိုလည်ကောင်း၊ သထုံမြို့ကိုးရီးယားသင်တန်းကျောင်းသုဝဏ ဘူမိ(ပအိုလူငယ်အဖွဲ့)က ရေသန့်(၅၄)ကဒ်၊ ဆန်(၁၅၀)အိတ်၊ ဆီတစ်လီတာဗူး (၁၅၀)ဗူး၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နှင့် ဟင်းခတ်ပစ္စည်းများကိုလည်ကောင်း သွားရောက် လှူဒါန်း ခဲ့ကြ ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment