Wednesday, August 1, 2018

မြင်းခြံမြို့၌ မူးယစ်ဆေးဝါး များဖမ်းဆီးရမိ

No automatic alt text available.
မြင်းခြံ ၊ သြဂုတ် - ၁
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့တွင် ပြည်သူများစိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေး ၊ ဒုစရိုက်အမှုများ လျော့နည်းကျဆင်းရေး ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များမှအမြဲမပြတ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ဇူလိုင် ( ၃၁ ) ရက် ၊ ည ( ၁၁ ) နာရီခွဲအချိန်ကမူးယစ် ဆေးဝါးသတင်းရရှိသဖြင့်စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးများရှာဖွေဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နိုင်ဝင်းထွန်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းတာဝန်ခံ ရဲအရာခံမျိုးဝင်းထွန်းနှင့်အဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရ မြင်းခြံမြို့ ၊ အမှတ် (၁၃) ရပ်ကွက် ၊ အောင်သုခလမ်းကြားတွင်စောင့်ဆိုင်းနေစဉ် CANDA-110 (နံပါတ်မပါ) အနက်ရောင်ဆိုင်ကယ်စီးနင်းလာသူ များအားမသင်္ကာ၍ရပ်တန့်ရှာဖွေစစ်ဆေးရာ ပန်းရောင်စိတ်ကြွဆေးပြားများထည့်ထားသည့် ကမ္ဘာလုံးတံဆိပ်ပါ အိတ် (၁၀) ထုပ် ၊ ဆေးပြားစုစုပေါင်း (၂၀၁၁) ပြားကို သိမ်းဆည်းရမိခဲ့သည်။ ပန်းရောင်စိတ်ကြွဆေးပြားသယ်ဆောင်လာသူများမှာ မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက် ၊ မကျီးပင်စုတွင်နေထိုင်ကြသော မောင်ဖြိုးလင်းအောင်နှင့် မသန္တာအောင်တို့ဖြစ်ကြပြီး ၊ ၄င်းတို့နေထိုင်ရာအိမ်သို့သက်သေများနှင့်ဆက်လက်ရှာဖွေခဲ့ရာမူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရှိရ သည်။
အဆိုပါဖမ်းဆီးရမိသည့်ပန်းရောင်စိတ်ကြွဆေးပြား ( ၂၀၁၁) ပြား ၊ ကာလတန်ဖိုးကျပ် (၆၀၃၃၀၀၀) သည် မြင်းခြံမြို့တွင်ဖမ်းဆီးရမိသည့်မူးယစ်ဆေး ဝါးများအနက် အများဆုံးဖမ်းဆီးရမိခြင်းဖြစ်ပြီး ၊ မူးယစ်ဆေးဝါးများသယ်ဆောင်လက်ဝယ်တွေ့ရှိသူ မောင်ဖြိုးလင်းအောင်နှင့်မသန္တာအောင်တို့အား မြင်းခြံမြို့မရဲစခန်းမှ မယ (ပ)၉/၁၈ ၊ မူး / စိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။
ဦးဇော်မင်းနိုင် ( မြင်းခြံ )

No comments:

Post a Comment