Thursday, August 2, 2018

ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Image may contain: one or more people
ထားဝယ် သြဂုတ် ၁
တနင်္သာရီတိုင်းဒေသကြီး၏ ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု အလုပ်
ရုံဆွေးနွေးပွဲ၊ ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရသုံးမှန်းခြေငွေ
စာရင်းဆိုင်ရာအချက်အလက်များစာစောင်မိတ်ဆက်ခြင်းအခမ်းအနား
ကို ဇူလိုင် ၃၁ ရက် နံနက်တွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြည်သူများ ရွေးချယ်
တင်မြှောက်ထားသည့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူ့ဘဏ္ဍာငွေ
ကို သုံးစွဲရာတွင် ပွင့်လင်းမြင်သာစွာချပြထားခြင်းလည်း ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ရငွေရရှိမှုအခြေအနေ၊ အခွန်အကောက် ရရှိမှု
အခြေအနေ၊ ပြည်ထောင်စုမှ တိုင်းဒေသကြီးသို့ ထောက်ပံ့ငွေရရှိမှုအခြေ
အနေများကို သိရှိမှာဖြစ်သလို အသုံးစရိတ်ပိုင်းတွင်လည်း မည်သည့်ကဏ္ဍများတွင် မည်သို့သုံးစွဲနေသည်ကို သိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်Dr. Matthew Arnold က ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပတ်သက်၍ အမှာ
စကားပြောကြားပြီး တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းထက် က ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ
အချက်အလက်များ စာစောင်အကြောင်းကို ရှင်းလင်းဆွေးနွေး
ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ကျေးဇူးတင်
စကားပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်Dr. Matthew Arnold၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment