Thursday, August 2, 2018

ရမ်ဆေး အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်မည်ဟု ခီတာယန်မျှော်လင့်

Image may contain: 1 person, playing a sport, outdoor and text
အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေး သည် အာဆင်နယ်အသင်းနှင့် စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ခီတာယန်က ပြောကြားခဲ့သည်။
ကွင်းလယ်ကစားသမား ရမ်ဆေး၏ လက်ရှိစာချုပ် သက်တမ်းသည် နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အခြားကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားရန် စီစဉ် ထားသော်လည်း လက်ရှိတွင် စာချုပ်သစ်တစ်ရပ်ထပ်တိုး ချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။
အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေး သည် အာဆင်နယ်အသင်းနှင့်အတူ ၃၃၁ ပွဲပါဝင် ကစားပေးခဲ့ရာတွင် သွင်းဂိုး ၅၉ ဂိုးသွင်းယူပေးထားခဲ့ပြီး ဂိုးဖန်တီးပေးနိုင်မှုတွင်လည်း ၅၇ ကြိမ်အထိ ပြုလုပ်ပေး ထားနိုင်ခဲ့ကြောင်း သိရသည်။
ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးသည် အာဆင်နယ်အသင်းနှင့်အတူ အက်ဖ်အေဖလား သုံးကြိမ် နှင့် ကွန်မြူနတီဒိုင်းနှစ်ကြိမ်အထိ ရယူဆွတ်ခူးပေးနိုင်ခဲ့ သူဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment