Thursday, August 2, 2018

ဘာစီလိုနာနောက်ခံလူ လူးကပ်ဒစ်ဂ်နီအား အဲဗာတန်ခေါ်ယူ

Image may contain: 1 person, smiling, text
အဲဗာတန်အသင်းသည် စပိန်လာလီဂါကလပ် ဘာစီ လိုနာအသင်းမှ နောက်တန်းကစားသမား လူးကပ်ဒစ်ဂ်နီ အား ပြောင်းရွှေ့ကြေးပေါင် ၁၈ သန်းဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဒစ်ဂ်နီသည် ၂ဝ၁၆ ခုနှစ်အတွင်းက ပီအက်စ်ဂျီအသင်း မှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
နောက်တန်းကစားသမား ဒစ်ဂ်နီသည် ဘာစီလိုနာ အသင်းသို့ မရောက်ရှိမီ ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်ပထမတန်းဖလားကို ရယူနိုင်ခဲ့သည့်အပြင် ဘာစီလိုနာအသင်းတွင်လည်း စပိန်လာလီဂါဆုဖလားကို ရယူနိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
နောက်တန်းကစားသမား ဒစ်ဂ်နီသည် အဲဗာတန် အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အဲဗာတန်အသင်း မှာ သမိုင်းကြောင်းအရ အစဉ်အလာရှိခဲ့ခြင်းကြောင့် မိမိအနေဖြင့်လည်း အဲဗာတန်အသင်းတွင် ကစားရန် ဆန္ဒရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
နောက်တန်းကစားသမား ဒစ်ဂ်နီသည် ဘာစီလိုနာ အသင်းနှင့်အတူ ပွဲပေါင်း ၄၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အီတလီစီးရီးအေကလပ် ရိုးမားအသင်းတွင်လည်း တစ်ရာသီကြာ အငှားသွားရောက်ကစားခဲ့သူဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment