Thursday, August 30, 2018

မြန်မာ့မီးရထားမှ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးငွေများပေးအပ်

Image may contain: one or more people, people sitting and indoor
အောင်လံ သြဂုတ် ၃၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ၊ ပြည်-အောင်လံ-ဆတ်သွား မီးရထားလမ်းစီမံကိန်းတွင် ပြလို့ကျေးရွာအုပ်စုမှ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ်၂၉ရက် နံနက်၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်လယ်ယာမြေနှင့်အခြားမြေများပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ထွန်း၊ ကော်မတီအတွင်းရေးမှူး ဦးဇော်ခင်ထွန်းနှင့် လယ်စီအဖွဲ့ဝင်များ မြန်မာ့မီးရထား တိုင်း ၁၁ ပုဂံမှ အင်ဂျင်နီယာမှူး ဦးသက်နိုင်ကျော်နှင့် ပြလို့ကျေးရွာမှ သိမ်းဆည်းခံလယ်ယာမြေမူလပိုင်ရှင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်လယ်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်တို့က အမှာစကားများပြောကြားခဲ့ကြပြီး အင်ဂျင်နီယာမှူး ဦးသက်နိုင်ကျော် က မြေလျော်ကြေးငွေပေးချေမှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ သိမ်းဆည်းခံအိမ်ခြံမြေ၁၃ဦး၊ လယ်မြေ၆၅ဦး၊ ယာမြေ၂၉ဦး စုစုပေါင်း ၁၀၇ဦးတို့အတွက် လျော်ကြေးငွေ ၁၂၃၀၁၄၁၆၀ကျပ်ကို ချက်လက်မှတ်၁၀၇စောင်ဖြင့် လယ်ယာမြေမူလပိုင်ရှင်များထံပေးအပ်ခဲ့ကြကြောင်းသိရသည်။
သိန်းလွင်(အောင်လံ)

No comments:

Post a Comment