Thursday, August 30, 2018

အင်းတော်မြို့နယ်တွင်မိုးများသဖြင့်ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်သစ်ပင်လဲကာလမ်းပိတ်မှုဖြစ်ပွားခဲ့

Image may contain: one or more people, outdoor and nature
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်ရွှေဘို - မြစ်ကြီးနားသွားကားလမ်းမိုင်တိုင်အမှတ်၂၆၆နှင့်၂၆၇ကီလိုမီတာကြားတွင်သစ်ပင်လဲကြသွားသဖြင့်ကားလမ်းပိတ်နေကြောင်းသိရသည်။
ဖြစ်စဉ်မှာ သြဂုတ်၃၀ရက်နံနက် တစ်နာရီခွဲတွင်အင်းတော်မြို့နယ်၊မော်လူးနယ်မြေဒေသတွင်မိုးသည်းထန်စွာရွာခဲ့ပြီးရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊မိုင်တိုင်အမှတ် ၂၆၆ နှင့်၂၆၇ ကီလိုမီတာအကြားမံဟဲကျေးရွာအနီးတွင်အမြင့် ၇၀ ပေ၊လုံးပတ် ၂၀ ပေခန့်ရှိသရက်ပင်ကြီးသည်ကားလမ်းပေါ်သို့ကန့်လန့်ဖြတ်အနေအထားလဲကြသွားသဖြင့်ယာဉ်အသွားအလာပိတ်မိနေကြောင်းသိရသည်။
အဆိုပါနေရာသို့မော်လူးမြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊နယ်မြေခံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊မံဟဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့တို့မှအချိန်မှီလမ်းပွင့်နိုင်ရေးအတွက်ဆောင်ရွက်နေကြောင်းမော်လူးမြို့အုပ်ချုပ်ရေးမှူးဦးစိုးမြင့်ထံမှသိရသည်။
လူအောင်

No comments:

Post a Comment