Thursday, August 2, 2018

နည်းပြ မော်ရင်ဟို အိုးထရက်ဖို့ဒ်မှ ထွက်ခွာခဲ့ပါကရီးယဲလ်နည်းပြဟောင်း ဇီဒန်းဖြင့် အစားထိုးရန် မန်ယူစီစဉ်

Image may contain: 1 person, smiling
မန်ယူအသင်းသည် လက်ရှိနည်းပြ မော်ရင်ဟို အသင်းမှ ထွက်ခွာခဲ့ပါက ¤င်းနေရာတွင် အစားထိုးရန် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ ဟောင်းတစ်ဦးဖြစ်သည့် ဇီဒန်းအား စာချုပ်ချုပ်ဆိုခေါ်ယူ ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
နည်းပြမော်ရင်ဟိုမှာ လက်ရှိကလပ် မန်ယူအသင်း နှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးကြောင်း လည်း သိရသည်။
သို့ရာတွင် မန်ယူအသင်းမှ ထွက်ပေါ်လာသည့် သတင်းများအရ နည်းပြမော်ရင်ဟိုထွက်ခွာသွားပါက နည်းပြဇီဒန်းကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်းလည်း သိရ သည်။
အသက် ၄၆ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသားနည်းပြ ဇီဒန်းသည် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ် တာဝန်ယူချိန်တွင် ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက်ရယူပေးနိုင်ခဲ့သူလည်းဖြစ်သည်။
နည်းပြဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးခဲ့ပြီးနောက် ဘာနေဗျူးနှင့် လမ်းခွဲသွားခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းက နည်းပြ ပိုချက်တီနိုကို ကမ်းလှမ်းခဲ့သည်။ ယင်းသို့ ကမ်းလှမ်း ခဲ့သော်လည်းနောက်ဆုံးတွင် နည်းပြလိုပက်တီဂီကိုသာ ခေါ်ယူနိုင်ခဲ့သည်။
ငွေကြယ်

No comments:

Post a Comment