Friday, August 31, 2018

သံတောင်မြို့တွင် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရာ မြေနေရာလျာထားသတ်မှတ်

Image may contain: one or more people, people standing, outdoor and nature
သံတောင်မြို့ ၊ သြဂုတ် ၃၁
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့တွင် သဘာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ပြည်သူများ အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် သြဂုတ် ၃၀ရက် နေ့လည် ၁၂ နာရီအချိန်တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒု-အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင် မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းမြင့် မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးမန်းမေတ္တာ တာဝန်ခံအင်ဂျင်နီယာ ဦးကာချား တို့နှင့်အတူ သံတောင်မြို့နှင့်တစ်မိုင်ခန့်အကွာရှိ သတ်မှတ်မြေ ဧရိယာခြောက်ဧက ရှိသော အမှိုက်များစွန့်ပစ်ရန်လျာထားသတ်မှတ်မြေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment