Friday, August 31, 2018

အိမ်မဲ၌ကျေးရွာအရောက်ကွင်းဆင်း၍နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ပေး

Image may contain: 10 people, people sitting
အိမ်မဲ -သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ညောင်ငူကျေးရွာအုပ်စုအထက(ခွဲ)ညောင်ငူ တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ကွင်းဆင်း၍နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်နှင့်ဝန်ထမ်းများက ညောင်ငူကျေးရွာ အထက(ခွဲ)ညောင်ငူကျောင်းမှ ကျောင်းသားကျောင်းသူ ၁၄၉ ဦး အားအသက် ၁၀နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ပေးပြီး၊အိမ်ထောင်စုစာရင်းတွင်အမည်စာရင်းမပါ ဝင်သောကျောင်းသား/သူ ၂၀ ဦးတို့အားအမည်စာရင်းထည့်သွင်းပေးခြင်းနှင့်ကျောင်းသားမိဘ ၁၅ ဦးတို့အား အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်-ပြန်/ဆက်

No comments:

Post a Comment