Friday, August 31, 2018

မြို့နယ်လုံးဆိုင်ရာ သက်တော်ရှည်ဆရာတော်ကြီးများအား ဂုဏဝိသိဌပူဇော်ပွဲကျင်းပ

Image may contain: one or more people, crowd, wedding and indoor
ကျောက်တော် သြဂုတ် - ၃ဝ
မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားတွင် ယနေ့နံနက်၉နာရီက ကျောက်တော်မြို့နယ်ရှိ သက်တော်ရှည် ဆရာတော်ကြီး ၁၁ပါးအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ် သည်။
အခမ်းအနားသို့ အမှတ်(၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်ချုပ်မောင်မောင်ဝင်းနှင့် ဇနီး ဒေါ်နန်းမြမြထွေး၊ အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲရေးမှူးဇနီးနှင့် တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ် တပ်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊ ဇနီးဒေါ်ခင်မာမူနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး၊ မြို့နယ်သြဝါဒစရိယ ရွှေလှိုင်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာ တော်ကြီးများက မေတ္တာသုတ်တရားတော်ကိုချီးမြှင့်ကာ မြို့မရွှေကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တရေဝတထံမှ သြဝါဒဂထာချီးမြှင့်ပြီး စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် ဧည့်ပရိတ်သတ်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဂုဏဝိသိဌ ပူဇော်ပွဲဘနှင်ပတ်သက်၍ စစ်ဆင် ရေးကွပ်ကဲရေးမှူးမှ သမ္မောဒနိယ ကထာစကားလျှောက်ထားပြီး မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဌ ကသစ်တောဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘနက ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ် ပြန်။ဆက်

No comments:

Post a Comment