Thursday, August 30, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာနေရာအား ဖူးမြော်ကြည်ညို





Image may contain: 5 people, people standing, sky and outdoor
ကတ္တမန္ဒူး သြဂုတ် ၂၉



နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် ယနေ့တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမှတ်(၅) ပြည်နယ် Bhairawa မြို့ လုမ္ဗိနီဥယျာဉ်တော် အတွင်းရှိ ဗုဒ္ဓဘုရားရှင်ဖွားမြင်တော်မူရာနေရာကို ဖူးမြော် ကြည်ညိုကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုနှင့်အဖွဲ့ သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅ဝ တွင် အထူးလေယာဉ်ဖြင့် ကတ္တမန္ဒူးမြို့ ထရီဗူဗန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Bhairawa မြို့ ဂေါတမဗုဒ္ဓလေဆိပ်သို့ ရောက်ရှိ ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တပ်မတော် ရဟတ်ယာဉ်ဖြင့် လုမ္ဗိနီဥယျာဉ်သို့ ရောက်ရှိကြရာ အမှတ်(၅) ပြည်နယ်အကြီးအကဲ Mr. Umakant Jha၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် မြို့ပြလေကြောင်းဝန်ကြီး Mr. Rabindra Adhikari၊ Bhairawa ပြည်နယ်ဝန်ကြီးချုပ် Mr. Shankar Pokharel၊ Bhairawa မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များ ဖြင့် မယ်တော်မာယာကျောင်းတော်သို့ ရောက်ရှိပြီး ကျောင်းတော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ကြည်ညို ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မယ်တော်မာယာကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ပြီး မြန်မာရွှေကျောင်း ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ရွတ်ပွား တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မယ်တော်မာယာကျောင်း ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိ ကြရာ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာ ရေးနှင့် မြို့ပြလေကြောင်း ဝန်ကြီး Mr.Rabindra Adhikari က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် လုမ္ဗိနီဥယျာဉ်တော် ထိန်းသိမ်းရေးဌာန တာဝန်ခံအရာရှိက လုမ္ဗိနီဥယျာဉ်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မယ်တော်မာယာ ကျောင်းတော် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးပြီး တာဝန်ရှိသူ များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် ပဏ္ဍိတာရာမအပြည်ပြည် ဆိုင်ရာ သာသနာ့ရိပ်သာသို့ ရောက်ရှိပြီး ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဝေကာနန္ဒအား ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ မြန်မာရွှေကျောင်း တော်သို့ ရောက်ရှိပြီး လောကမဏိစူဋ္ဌာ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ပြီး သာသနာ့ဗိမာန်တော်၌ ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသည့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် မော်တော်ယာဉ်များဖြင့် ခေတ္တနားနေမည့် Lumbini Hotel Kasaiသို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုနှင့်အဖွဲ့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တပ်မတော်ရဟတ်ယာဉ်ဖြင့် လုမ္ဗိနီ ဥယျာဉ်မှ ဂေါတမဗုဒ္ဓလေဆိပ်သို့ ရောက် ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ် ဖြင့် ထရီဗူဗန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။
ဆက်လက်၍ မော်တော်ယာဉ်များ ဖြင့် ခေတ္တတည်းခိုသည့် Soaltee Crown Palaza Hotel သို့ ပြန်လည် ရောက်ရှိကြသည်။ သတင်းစဉ်

No comments:

Post a Comment