Thursday, August 30, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ဆွေးနွေး





Image may contain: 1 person, sitting and indoor
ရန်ကုန် သြဂုတ် ၂၉




 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ရန်ကုန်တက္ကသိုလ် (ပင်မ)ပြုပြင် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို ၂ဝ၁၃ ခုနှစ်မှ စတင်ခဲ့ပြီး အချိန်ကာလ ငါးနှစ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ အပြောင်းအလဲမျိုးစုံ ဖြစ်ခဲ့ပြီး ကျောင်း၏ လိုလားချက်ဆန္ဒ များသည် ခေတ်တစ်ခေတ်နှင့် တစ်ခေတ် မတူတော့သည့်အတွက် စဉ်းစားရမည် ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် အဓိကအကျဆုံး တက္ကသိုလ်ဖြစ်ပြီး အဆင့်မြင့်ပညာရေးတွင် စံပြဖြစ်ရန်လို ကြောင်း၊ အားသာချက်ကို ခိုင်မာအောင် လုပ်၍ အားနည်းချက်ကို ပြုပြင်ရန်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် ပြုပြင် မွမ်းမံ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အမီ ဆောင်ရွက် ရမည့်
ဦးစားပေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဦးစားပေးကဏ္ဍများ ရှင်းလင်း
ယင်းနောက် ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အတွက် Softwareကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမောင်မောင်ဝင့်ကMaster Plan ဖြစ်ပေါ်လာပုံအကျဉ်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီအသီးသီး ဖွဲ့စည်းထားမှု၊ ပြည်တွင်း ပြည်ပပညာရှင်များနှင့် ညှိနှိုင်း ဆွေးနွေးမှုအခြေအနေများ၊ ဟန်ဂေရီ နိုင်ငံ Central European Univer-sity မှ ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး မှုကဏ္ဍ၊ Master Plan ၂ဝ၁၈-၂ဝ၃ဝ တွင် အဓိက ပါဝင်သောကဏ္ဍ၊ ၂ဝ၂ဝ တွင် ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝ ပြည့် ပွဲတော်နှင့် ပွဲတော်အမီဆောင်ရွက်ရမည့် ဦးစားပေးကဏ္ဍများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ရန်ကုန်တက္ကသိုလ် ၂ဝ၁၈ ပညာသင်နှစ် ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အတွက် Hardware ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးညီလှငယ်က (၂ဝ၂ဝ-၂ဝ၃ဝ) ရန်ကုန်တက္ကသိုလ်၏ မျှော်မှန်း ကျောင်းသားနှင့် ဆရာ၊ ဝန်ထမ်းအင်အား၊ ရန်ကုန်တက္ကသိုလ် Master Plan (Draft) ကို အကောင်အထည်ဖော်မည့် အဆင့်များ၊ ကော်မတီ၏ံHardware Master Planအပေါ် သုံးသပ်တင်ပြ ချက်များစသည်ဖြင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ဤဘာသာရပ်ကို အလေးထား
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်တွင် LAW နှင့် Water studies ကို အလေးထားစေ လိုကြောင်း၊ သုတေသနယဉ်ကျေးမှုကို တက္ကသိုလ်အဆင့်ရောက်မှ မဟုတ်ဘဲ ကျောင်းအဆင့်မှစ၍ ပြုလုပ်စေလို ကြောင်း၊Team Research ပြုလုပ် ရန် ကျောင်းသား ကျောင်းသူများက ပို၍စိတ်ဝင်စားကြောင်း၊ Water stu-dies နှင့် ပတ်သက်၍ ဘာသာရပ်များ အဓိက ပေါင်းစပ်လုပ်ကိုင်စေလိုခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ချောင်း၊ မြစ်၊ ကန် ပင်လယ်ကမ်းခြေများပေါများ ၍ ယနေ့ခေတ်လိုအပ်နေသော ရာသီဥတု အပြောင်းအလဲနှင့်အတူ ဤဘာသာရပ် ကို အလေးထားခြင်းဖြစ်ကြောင်း။
သုတေသနနယ်ပယ်တွင် အထူး နယ်ပယ်ကို Water studies အဖြစ် ရယူထားပါက နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများသည် မြန်မာနိုင်ငံသို့ လာရောက်သုတေသန ပြုနိုင်မည်ဖြစ်ကြောင်း၊ ဆရာများ၏ Capacity Buildingအတွက် ဦးစား ပေးစဉ်းစားရန်လိုအပ်ကြောင်း၊ ဘာသာ ရပ်ကျွမ်းကျင်ရန်၊ သင်ပုံသင်နည်း ကျွမ်းကျင်ရန် ၊ အင်္ဂလိပ်စာဘာသာရပ် ကျွမ်းကျင်ရန်လည်း လိုအပ်ပါကြောင်း၊ ပညာရေး လောကအတွက်သာမက စီးပွားရေး၊ နိုင်ငံရေးအတွက်ပါ အရေး ကြီးပါကြောင်း။
တက္ကသိုလ်ပညာရေးကို အားပေး
အခြားတက္ကသိုလ်များနှင့် ချိတ် ဆက်ရာတွင် ပညာရေးသက်သက်သာ မက လူမှုရေးအနေဖြင့် ချိတ်ဆက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် ချိတ်ဆက်ပေးနိုင်မှုကို ဖြစ်စေလိုပါ ကြောင်း၊ အချို့ကျောင်းသားများသည် Centre of Excellence ကို ကန့်ကွက် သည်ဆိုသည်မှာ မှားယွင်းနေပါကြောင်း၊ အားလုံးတန်းတူဟူသည်မှာ မည်သို့မျှ မဖြစ်နိုင်သည်ကို နားလည်စေလို ကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍ တွင် ယောက်ျားလေးဦးရေ နည်းပါးနေပါ ကြောင်း၊ စီမံကိန်းများချမှတ်လုပ်ဆောင် ရန် လိုအပ်ပါကြောင်း၊ ယောက်ျားလေး များ ထူးချွန်ပြောင်မြောက်အောင်၊ အဆင့်မြင့်ပညာ သင်ယူချင်အောင် သင်ရိုးများကို ထည့်သွင်းရေးဆွဲရန် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်ပင်ပါ ကြောင်း၊ အစိုးရအနေဖြင့် တက္ကသိုလ် ပညာရေးကို အားပေးပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ကြီးကိုလည်း တိုးတက်စေလို ပါကြောင်း၊ သို့သော် အသက်မွေးဝမ်း ကျောင်းပညာရပ်များကိုလည်း မြင့်မား စေလိုကြောင်း၊ နှစ်ခုစလုံး အတူတူ တိုးတက်စေလိုပါကြောင်း၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကိုလည်း အင်တိုက်အားတိုက်ဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားစေလိုကြောင်း၊ မိမိတို့ အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြ သည်။ သတင်းစဉ်

No comments:

Post a Comment