Wednesday, August 29, 2018

(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်

Image may contain: 1 person, playing a sport
ပလန်ဘမ် သြဂုတ် ၂၈
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ဂျကာတာ မြို့နှင့် ပလန်ဘမ်မြို့ရှိ အားကစားကွင်း၊ အားကစားရုံတို့ ၌ ကျင်းပလျက်ရှိရာ အမျိုးသားဘော်လီဘော အဆင့် သတ်မှတ်ချက်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ထိုင်းအသင်း ကို သုံးပွဲ-တစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် သြဂုတ် ၃ဝ ရက်တွင် အဆင့်သတ်မှတ်ချက် (၁၁-၁၂) ပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပလန်ဘမ်မြို့ရှိ JSC Roneu Stadium အားကစားရုံ၌ အမျိုးသမီး လေးယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အပါအဝင် အိမ်ရှင်အင်ဒိုနီးရှားအသင်း၊ လာအိုအသင်းနှင့် ကိုရီးယားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမအုပ်စုပွဲစဉ် အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ရာ မြန်မာအသင်းက လာအို အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ပြီး အမျိုးသား လေးယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု (က)တွင် မြန်မာအသင်းအပါအဝင် အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ လာအိုအသင်းနှင့် ဂျပန်အသင်း၊ အုပ်စု(ခ) တွင် နီပေါ အသင်း၊ ပါကစ္စတန်အသင်း၊ ဗီယက်နမ်အသင်းနှင့် စင်ကာပူအသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြပြီး ညနေ ၃ နာရီတွင် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအို အသင်းတို့ယှဉ်ပြိုင်ရာ မြန်မာအသင်းက လာအိုအသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment